( Part 6)

431 23 3
                                    

" အီရန်~~ မင်း ညနေအိမ်ပြန်ရင်  Bus နဲ့ပြန်တာလား။ "

" ဟုတ်တယ်၊ ထယ်... ဘာဖြစ်လို့လဲဗျ။ "

" ဘာမှတော့မဟုတ်ပါဘူး။ ငါလဲ Busမစီးရတာကြာပြီးမို့မင်းနဲ့အတူ ညနေကျရင် Bus စီးပြီးအိမ်ပြန်ရင်ကောင်းမလားလို့စဉ်းစားနေတာ။"

"ကောင်းတယ်၊ ကောင်းတယ် ညနေ ကျတော်နဲ့အတူအိမ်ပြန်ပါနော်။ တူတူပြန်ကြမယ်လေ...."

" အင်းး... အင်းပါ၊ တူတူပြန်မလို့ ပါဘဲ~~ ကလေးလေးကျနေတာဘဲ ချွဲနေတာ.... "

ထယ်ပြောလိုက်သောစကားကြောင့် အီရန်တယောက်.....

" ဘယ်သူကကလေးလဲ၊ ကလေးဟုတ်လားမဟုတ်လား၊ စမ်းကြည့်မလား။ "

" အမ်~~~~ ဘာစမ်းကြည့်ရမှာလဲ၊ စကားကိုသေချာ ပြောစမ်း၊ သူများတွေကြာရင်တမျိုးထင်နေအုံးမယ်။ "

" ထင်ပါလိမ့်စေ၊ ကိုက သူများတွေအမြင်ကိုဂရုစိုက်မယ်ထင်နေတာလား။ "

ထိုသို့ပြောပြီး အီရန်တယောက်  ထယ့်အနားသို့ကပ်လာ လေတော့သည်။ 

" အီရန်... မင်းဘာလုပ်တာလဲ၊ ဖယ်စမ်း !!! ဒါ ရုံးခန်းမှာနော်၊ ကုမ္ပဏီမှာဆိုရင်ငါ့ကိုလေးလေးစားစားဆက်ဆံဖို့ပြောထားတယ်လေ။ "

" ဟက် !!!!  ထယ် မင်းသိလား၊ မင်းအခုငါ့ရဲ့ထိန်းချုပ်ထားတဲ့စိတ်ကိုလာဆွပြီးသွားပြီလေ။"

အီရန် တယောက် ထယ့်အနားကိုတဖြေးဖြေးကပ်လာပြီ ထယ့်ခါးလေးအား လှမ်းဆွဲပြီ ၊ ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်လေတော့သည် ။

" ဂျွန်အီရန်~~  ငါ့ကိုလွှတ်စမ်း၊ ဒါငါ့အမိန့်ဘဲ လွှတ်......."

ထိုအချိန် အတွင်းရေးမှူးဆိုမှ တံခါးလာခေါက်သောကြောင့် ထယ့်အားလွှတ်ပေးလိုက်ပြီ၊ အီရန်မှ တချက်ပြုံးလိုက်ကာ.....

" နောက်တခါ ကျရင်တော့လုံးဝ လွှတ်မပေးတော့ဘူး။ "

ထိုသို့ပြောပြီထွက်သွားလေသည်၊  အတွင်းရေးမှူးဆို ကိုလည်း သာသနာဖြတ်လို့မပြောရုံတမယ်၊ အကြည့် က ကြောက်စရာ ကောင်းနေလေသည်။ 

" ဥက္ကဌ .... လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေပါ ၊ နောက်ပြီးဒါ ကျတော့်အလုပ်ထွက်စာပါ ၊ ကျတော့် မိန်းမ နဲ့အတူ အမေရိက ကိုလိုက်သွားတော့မှာမို့ပါ၊ ကျတော့်နေရာ အတွက် ဒုအတွင်းရေးမှူး ဂျွန် ကို ခန့်အပ်ခဲ့ပါတယ်။ "

ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now