( Part 4)

538 27 2
                                    

ထယ် သတိပြန်ရလားသောအခါ... မရင်နှီးသောနေရာတခု၊ ဘေးဘီကြည့်လိုက်သောအခါ ကုတင်ပေါ်ကိုခေါင်းလေးတင်ပြီအိပ်ပျော်နေသောကောင်လေးတယောက်....

" ငါဘယ်ရောက်နေတာလဲ......"

ထိုအသံကြောင့် အိပ်နေရာမှနိုးလာသော ကောင်လေး...."

" ထယ် နိုးပြီလား၊ အခုဆေးရုံရောက်နေတာလေထယ် ~~~ သက်သာရဲ့လား၊ ခနနော် ကိုဆရာဝန်သွားခေါ်လိုက်အုံးမယ်။"

"ရ... ရတယ် ~~  သွားမခေါ်နဲ့တော့ ကျတော်အိမ်အခုပြန်မှဖြစ်မယ်။ "

" ထယ်ခနနေပါအုံး၊ နေကောင်းသေးတာလဲမဟုတ်ဘဲ၊ ခနနားပါအုံး...ပြီးရင်ကို ထယ့်ကိုအိမ်လိုက်ပို့ပေးပါ့မယ်။ "

" မရဘူး၊ ကျတော်အခုပြန်မှဖြစ်မယ်၊ ကျတော် အဖေ......."

ထိုသို့ပြောပြီးထယ်တယောက် ငိုလေတော့သည်၊အီရန် လဲရုပ်တရက်ဆိုတော့လန့်သွားပြီ...ဘာလုပ်ရမှန်းမသိဖြစ်သွားလေသည်။ နောက်မှ ထယ့်အား ရင်ခွင်ထဲဆွဲထည့်ခါ နှစ်သိမ့်ပေးရန် တင်းတင်း ကြပ်ကြပ် ဖက်ထားလိုက် သည်။

ခနကြာသောအခါ ထယ့်အားအိမ်လိုက်ပို့ပေး လေသည်။ အိမ်ရှေ့ရောက်သောအခါ ~~~

 "ထယ်.... အိမ်ရောက်ပြီ ၊ ကိုအိမ်ထဲတော့မဝင်တော့ဘူး၊ ထယ် အိမ်ထဲထိလမ်းလျှောက်နိုင်တယ်မဟုတ်လား၊ ခေါင်းကော မူးနေသေးလား။ "

" အင်းး ရပါတယ်၊ ခေါင်းကတော့ နည်းနည်းမူးနေသေးတယ်၊ ခနလောက်ထပ်နားလိုက်ရင်သက်သာသွားမှာပါ၊ ဒါဆိုကျတော်အထဲဝင်တော့မယ်။ လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ် "အီရန်" ။  "

ထိုကောင်လေးကတော့ ထယ်လေးကသူအမည်ကိုပထမဆုံးခေါ်လိုက်သောကြောင့် မျက်နှာတွင်အပြုံးရိပ်လေးသန်းလာပေမဲ့ စိတ်ထဲတွင်တော့ ထယ့်အား စိတ်ပူခြင်း၊ ထယ့်အဖေအတွက်စိတ်မကောင်းဖြစ်ရခြင်း တို့ကြောင့် အပြည့်အဝမပျော်နိုင်ခဲ့ပေ။ "

" အမေ ~~~  အဖေကဘယ်လိုဖြစ်ရတာလဲ, အဖေကောဘယ်မှာလဲ..... အမေတခုခုပြောပါအုံး "

" သား၊အဖေက ကား  မတော်တဆမှုဖြစ်တာ အခု ရင်ခွဲရုံကိုခေါ်သွားကြပြီသားရယ် ၊, မှုခင်းဆရာဝန်တွေ စစ်ဆေးမလို့တဲ့ "

ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now