ONE

3.1K 198 7
                                    

Now Playing:
[Boyfriend]-[Justin Bieber]
0:00 ❍─────── 3:29
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%

ကျက်သရေ အဖြာဖြာ တုံးလိုက်ပုံများဖြင့် မပြောချင်ပြီ။ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက် ရောက်ဖြစ်သော ကျောင်းတွင် တည့်တည့်ကို ဆုံသည့် ထူးဆန်းအံ့ဖွယ် ရေစက်ဆိုး။

"ကိုကို ပစ်ထားလို့ Jangmi စာမေးပွဲကျတာ သိရဲ့လား လူဆိုး"

"စာကို မလုပ်လို့ စာက ကလေးကို လုပ်သွားမလား ကိုကို့ကလေးလေးရဲ့ .. စာက ကိုကို လည်း မဟုတ်"

"ဟာ ကိုကိုကလည်း ဘာတွေ ပြောမှန်းမသိဘူးကွာ"

အပေါစားစကားတွေ ဖောဖောသီသီ ပြောတတ်သည့် ထိုရေစက်ဆိုး (နှင့် သူ၏ ကောင်မလေး?) ကို Ricky စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပစ်လိုက်သည်။

အတန်းချိန်လစ်ရန် အားကစားပစ္စည်းစွန့်ဂိုဒေါင်အဝ ခြေချရုံရှိသေး၊ Ricky တစ်နေ့တာက မိုးအုံ့သွားရခြင်းလည်း ဖြစ်သည်။ မိုးကြိုးပစ်ချသည် ပြောရမလား မသိ။

"ကျစ်*

Ricky ကို သတိပြုမိသွားသည့် ကောင်မလေးက ကြောက်လန့်သွားသလို၊ ကြောက်ချင်ယောင်ဆောင်သလို ရေစက်ဆိုး ရင်ထဲ တိုးဝင်သည်။

"တောက်*

ဘုန်း!

Ricky လက်ထဲမှ ဘက်စကတ်ဘောလုံးကို နံရံပစ်ပေါက်မိလိုက်သည်။ လူသူကင်းရှင်းသည့် တိတ်ဆိတ်မှောင်မဲသော ဂိုဒေါင်အနီးဝန်းကျင်ကို ပဲ့တင်သွားစေသည့် အသံ။

"Jangmi အတန်းချိန် သွားတက်လိုက်နော် .. ကိုကို နောက်မှ လိုက်လာခဲ့မယ်"

ကောင်မလေးက နားချမှုကို လိုက်နာချင်ပုံ မရသော်လည်း၊ အခုပဲ စီးချင်းထိုးတော့မည့်ပုံပေါ်နေသည့် Ricky နှင့် ကောင်လေးမဲ့ပြုံးက သူမကို နေရာမှ သုတ်သုတ်ပျာပျာ ပြေးထွက်သွားစေသည်။

ဒုတိယအကြိမ်မြောက် တိတ်ဆိတ်သွားသည့် ဂိုဒေါင်။

ရေစက်ဆိုးက Ricky ထံ လျှောက်လာပြီး မျက်နှာကို ငဲ့ကြည့်သည်။

"မင်း ဘာဖြစ်နေတာလဲ"

"ဘာ!

Ricky သွေးဆောင့်တိုးသွားရသည်။

𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed  Donde viven las historias. Descúbrelo ahora