တီချယ့်အကြောင်းတွေးရင်အခြေအနေမဟန်တော့တာကြောင့် သူငယ်ချင်းဖွဲ့ဖို့ ၀ဿန်လုပ်မိတော့သည်ဘေးတွင်ထိုင်နေသောကောင်မလေးနှစ်ယောက်ကို၀ဿန်စတင်မိတ်ဆက်လိုက်သည်
"ဟေ့..ငါနာမည်က၀ဿန်မောင်ပါ
မင်းတို့နာမည်ကရောဘယ်လို့ခေါ်လဲ.."ထိုအခါ အသားဖြူဖြူအရပ်အနည်းငယ်ရှည်သော
ခပ်အေးအေးသာနေတတ်သည့်ကောင်မလေးက"ငါနာမည်က သဇင်ဖြူပါ အခုမှဒီကျောင်းကိုပြောင်းလာတော့ခင်စရာသူငယ်ချင်းမရှိလို့
မောင်နဲ့ခင်လို့ရမလားနော်..."'မောင်'လို့ခေါ်လိုက်တဲ့သူမ
၀ဿန်ကိုအဲ့လိုခေါ်တဲ့သူကရှားလှသည်၀ဿန်လို့သာခေါ်သောကြောင့်မရင်းနှီးသောထိုနာမ်စားကို
၀ဿန်မနှစ်သက်ပေ"ငါကို ၀ဿန်လို့ဘဲခေါ်ပါလား သဇင်
ဟို..မောင်လို့ခေါ်တာက ငါနားထောင်ရအဆင်မပြေလို့.."၀ဿန်အားနာနာနဲ့ပင်ငြင်းလိုက်ရသည်
၀ဿန်သည် အရပ်ရှည်ပြီး ယောင်္ကျားလေးဆန်သည် အသားအရည်ကခပ်လတ်လတ်ပင်
သူမသည် ဂစ်တာတွေအပေါ်အရူးအမူးခုံမင်သူတစ်ဦးလဲဖြစ်ပေသည် အခုတော့ ဂစ်တာတွေလို့မျိုး
အရူးအမူးခုံမင်မိတဲ့ တီချယ်ဆိုတဲ့ထိုအမျိုးသမီးကို
၀ဿန်ချစ်မိနေပြီထင်သည်၀ဿန်လဲဆရာမ မ၀င်လာတဲ့အတောအတွင်း
လူအများစုနဲ့ခင်မင်နေပြီဖြစ်သည်၀ဿန်သည်လူမှုဆက်ဆံရေးအလွန်ကောင်းသူပင်ထိုအချိန်ကြားလိုက်ရတဲ့အသံလေး
ဒီအသံ ၀ဿန်နှလုံးသားတစ်ခုလုံးကိုလှုတ်ကိုင်ခဲ့တဲ့ဒီအသံတယောသံစဉ်လေးတွေလိုချိုသာလွန်းလှတဲ့
တီချယ်ရဲ့အသံ"အားလုံးဘဲမဂ်လာ
ဆရာမကမင်းတို့ကို သိပ္ပံကိုသင်ကြားပေးမှာဖြစ်တယ်..ဆရာမနာမည်က ဒေါ်ခေတ်ရိပ်ညိုလို့ခေါ်တယ်ကဲ..အခုတော့ပိုနေတဲ့အချိန်လေးကို
စာလေးနည်းနည်းသင်ချင်တယ်ကွယ်"တီချယ့်နာမည်ကခေတ်ရိပ်ညိုတဲ့လား
နာမည်လေးကလဲလူနဲ့အတော်ပင်လိုက်နေသည်
၀ဿန်လဲထို့နာမည်ကလေးကို နှလုံးသားမှာစွဲနေအောင်မှတ်လိုက်တော့တယ်စာသင်ချိန်တစ်လျှောက်လုံး ၀ဿန်စာထဲကိုစိတ်မရောက်၀ဿန်တို့နားလည်အောင်ရှင်းပြနေသော
တီချယ့်ကိုသာငေးကြည့်နေမိသည် ငေးကြည့်ရင်နဲ့ဆုံသွားသောမျက်၀န်းညိုညို ၀ဿန်ရင်ကိုလှုတ်ခတ်သွားစေပြန်ကာပြီ ၀ဿန်ဒီအချိန်ကိုအမြန်ကုန်ပါစေဟုဆုတောင်းမိသည်မဟုတ်ရင်၀ဿန်အဖြစ်ကိုမတွေးရဲတော့ပေတီချယ့်သိပ္ပံအချိန်သည်
မုန့်စာမဆင်းခင် အချိန်ဖြစ်၍ တီချယ့်အချိန်ကုန်သည့်နဲ့ မုန့်ဈေးတန်းရှိရာသို့ ၀ဿန်သူငယ်ချင်းများနဲ့သွားတော့သည်၀ဿန်သည်မုန့်ဈေးတန်းရောက်တော့ ကော်ဖီဗူးတစ်ဗူးကိုသာ၀ယ်၍ပြန်လာခဲ့သည် လမ်းတွင်အမှတ်မထင် တိုက်မိမလိုဖြစ်သွားသည့်အခြေအနေ ၀ဿန်ကြည့်မိလိုက်တော့တီချယ်ဖြစ်နေသည်"ဟိုတောင်းပန်ပါတယ်တီချယ်..မောင်မမြင်လိုက်လို့ပါဗျာ"
"အိုရပါတယ်ကွယ်..ဒါနဲ့သမီးကကော်ဖီကိုကြိုက်တာလားကော်ဖီတွေအရမ်းမသောက်နဲ့ကွယ်ကျန်းမာရေးအတွက်မကောင်းဘူး"
"ဟုတ်ကဲ့တီချယ်..မောင်လျော့သောက်ကြည့်ပါ့မယ်"
"လျော့သောက်ကြည့်မယ်မလုပ်နဲ့
လျော့ကိုလျော့သောက်ရမယ် ဒါနဲ့သမီးနာမည်က""၀ဿန်မောင်ပါ..တီချယ်"
"ဟုတ်ပြီ ကော်ဖီစေ့လေးရေ သွားတော့လေအခန်းထဲကို တီချယ်လဲ ထမင်းစားလိုက်အုန်းမယ်"
"ဟုတ်ကဲ့..ဒါဆိုမောင့်ကိုသွားခွင့်ပြုပါအုန်းတီချယ်"
ခေတ်နဲ့တွေ့ရင်ကြောင်တောင်တောင်လေးဖြစ်နေတတ်တဲ့ ကော်ဖီစေ့လေး အင်းဘယ်လိုမှန်းမသိ
သူနာမည်ကိုသိတာတောင် ကော်ဖီစေ့လေးလို့ခေါ်ချင်မိ၍ခေါ်တောင်ခေါ်မိသွားသည် သူလေးကတော့ထင်မှာပေါ့ ဘာလို့အဲ့လိုခေါ်တာလဲဆိုပြီး
ကော်ဖီစေ့လေးကခေတ်ကိုဆို ဟုတ်ကဲ့ကလွဲပြီးမပြောတတ်ဘူးလားမသိဘူးခေတ်တစ်ယောက်အတွေးနယ်ချဲ့ကာ စားစရာရှိတာဆက်စားနေလိုက်သည်
တီချယ့်ရှေ့မှာ ၀ဿန်သူကိုသူမောင်လို့သုံးနှုန်းမိ၍
ရှက်နေမိသည် ၀ဿန်တစ်ခါမှကိုယ်ကိုကိုယ် မောင်လို့မသုံးမိတီချယ်နဲ့မှဘယ်လို့တွေဖြစ်နေမှန်းကိုမသိတော့တာ တီချယ်က၀ဿန်ကိုကော်ဖီလျော့သောက်ဖို့မှာနေတာလေးကစိုးရိမ်သူဟန်ရှိသည်
နောက်ပြီး၀ဿန်နာမည်သိတာတောင်
ကော်ဖီစေ့လေးလို့ ခေါ်လိုက်သောကြောင့်
၀ဿန်အံ့ဩမိသိအထိဖြစ်သွားသည်
တီချယ်သည်မောင့်ရဲ့ဒုက္ခလှလှလေးပါလားလို့
၀ဿန်သတ်မှတ်လိုက်တော့သည်တစ်ရက်ခြားတစ်ခါ (ဒါမှမဟုတ်) တစ်ရက်တစ်ပိုင်းအလင်္ကာဒါလေးကိုupပေးပါမယ်နော်
ဖတ်ပေးတဲ့သူလေးတွေကိုလဲ ကျေးဇူးတင်ပါတယ်💖