လေတဖြူးဖြူးတိုက်နေတဲ့အချိန် ဒီလို လယ်ကွင်းနားလာရတာလည်းတမျိုးတော့ကောင်းသားပင်။
ဘေးမှာချထားတဲ့ဖုန်းကိုယူလိုက်ပြီး
ကိုယ့်ဖြစ်ရပ်နဲ့ထပ်တူဖြစ်ဟန်ရှိသော "ရှင်ကွဲ"
သီချင်းလေးကိုဖွင့်လိုက်သည်။"လမ်းခွဲပြီးနောက်မှာ..မေ့မရတဲ့သံယောဇဉ်တွေက
အမှတ်တမဲ့အတွေးထဲရောက်လာ လောင်မြိုက်တဲ့
သတိရခြင်းတွေ..""ဝေးပြီးနောက် ကိုယ်ချစ်တဲ့မင်းက
ပြောင်းလဲလို့ဆံပင်တွေတောင်ရှည်လာ အရွဲ့တိုက်တဲ့မင်းအကျင့်လေးကို လူတိုင်းကခွင့်လွှတ်ပါ့မလား...."လိုက်ဆိုမိပြန်သည်။အခုလောက်ဆို မောင်ချစ်တဲ့ခဗျားဆံပင်တွေတောင်ရှည်လာမလား။ပျော်နေမလား။ဆိုတာကို လောင်မြိုက်တဲ့သတိရခြင်းတွေနဲ့ တွေးနေမိပြန်သည်။
ကျလာတဲ့မျက်ရည်စတချို့ကိုသုတ်လိုက်ပြီး
သီချင်းကိုဆက်နားထောင်နေလိုက်သည်။
မဟုတ်ရင် ငိုမိတော့မည်။နှင့်နှင့်သည်းသည်းကို
မောင်ငိုမိတော့မှာ။"လေရူးက ကျီစားလို့တိုက်တာ
ရွက်နုက တကယ်ကိုကြွေတာ
နွေဦးလည်းရောက်ခဲ့ပေါ့ အချစ်ရာ
အချစ်ဦးတော့ မေ့မရသေးပါ....။"အဆုံးသတ်ကို မောင်သဘောကျတယ် ခဗျားရယ်။
ဘယ်အချိန်တွေဘဲ ရောက်ရောက်။နေရာတွေဘယ်လောက်ပြောင်းပြောင်းပါ။ချစ်ရတဲ့
ခဗျားကိုတော့ မောင်သေချာပေါက်မမေ့နိုင်သေးဘူး။___________________
"ခေတ်ရေ..
နည်းနည်းလေးပြုံးပါအုန်းကွာ ဒီကိုဘဲကြည့်"ဟိုလူပြောထားတဲ့ ပဲခူးကိုရောက်နေခြင်းပင်။စိတ်မပါတဲ့ ကျွန်မကို အတင်းရောကာနှင်ကာပြုံးခိုင်းနေပြန်သည်။မပြုံးချင်။မောင်နဲ့မှဖြစ်ထွန်းလာတတ်တဲ့
ကျွန်မအပြုံးတွေကို နှမျောသည်။ခပ်တည်တည်နေနေသော ကျွန်တော့ရဲ့ချစ်ဇနီး။
သူမစိတ်အတော်ဆိုးနေပုံပါဘဲ။ဒါပေမယ့် လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းကို မှန်တယ်လိုဘဲယူဆသည်။နောင်တရခြင်းတွေမရှိဘူး။မင်းကို ပိုင်ဆိုင်ရဖို့ဆို ဘာပဲလုပ်ရလုပ်ကိုယ်လုပ်မှာ ခေတ်ရိပ်ညို။