မိုးရာသီရဲ့အစဖြစ်တဲ့ဇွန်လအစ
မိုးဖွဲဖွဲအောက်မှာ ထီးပြာလေးကိုင်ဆောင်ပြီး
သူမတာ၀န်ကျရာကျောင်းသို့ကပိုကရိုလေးလျှောက်လှမ်းနေပုံမှာ ယဉ်သက်ရူမောဖွယ်အတိ
မြင်နေရသောပုံရိပ်ကလေးမှာ ကမ္ဘာကျော်ပန်းချီကားတစ်ချက်နဲ့ပင်နှိုင်းယှဉ်လို့မရနိုင်သည့်အခြေအနေထိုအမျိုးသမီးသည် အနက်ရောင်ချိတ်၀မ်းဆက်ကို၀တ်ဆင်ထားပြီး ပါးပြင်၌လည်းသနပ်ခါးလေးများနှင့်ပင် ဆံနွယ်ကိုထုံးပြီး နှင်းဆီပန်းနီနီပန်ထားသောအမျိုးသမီး၏အလှမှာယောက်ျားသားတို့ပင်မကမိန်းမသားတို့ပါကျရူံးချင်စရာအရပ်မရှည်လွန်းလှ သူမရဲ့အလှကတော့နှိုင်းယှဉ်လို့ပင်မရချေတစ်ဖက်တွင်လည်း
"၀ဿန်..သမီးရေ ကျောင်းသွားရမယ်လေ
ထတော့ တော်ကြာကျောင်းနောက်ကြနေလိမ့်မယ်""မေမေရာ..၅မိနစ်ထဲဘဲ"
"ဒေါက်"(၀ဿန်အမေခေါင်းကိုခေါက်လိုက်ချင်ပင်)
"မေမေဘာလို့သမီးခေါင်းကိုလာခေါက်တာလဲ"
ခေါင်းခေါက်ခံရသည့်အထိပင် မပွင့်နိုင်သေးသောမျက်လုံးများ"ကောင်းကောင်းနိုးတာမှမရတာ အကြမ်းနည်းသုံးနိုးတာတောင် မပွင့်နိုင်သေးဘူး ထတော့၀ဿန်
မဟုတ်ရင် ဒီထက်ပိုနာမယ်"
ထိုအခါမှ ကမန်းကတန်းမျက်လုံးကိုဖွင့်ပြီး
ရေချိုးခန်းထဲသို့ပြေး၀င်သွားသောသမီးဖြစ်သူကြောင့်သူမပင့်သက်ချမိသည်ဒီကလေးရှေ့ရေးအတွက်ရင်လေးလိုက်တာ၀ဿန် ရေမိုးချိုးပြီး ခုတင်ပေါ်မှာမေမေတင်ထားခဲ့တဲ့ ကျောင်းစိမ်းလေးကို၀တ်လိုက်သည်
သနပ်ခါးတော့မလိမ်တော့ပေ ဘာလို့လဲဆိုတော့၀ဿန်သနပ်ခါးကိုမကြိုက်သောကြောင့်ပင်ညကကျောင်းအသစ်တတ်ရတော့မယ်ဟုအတွေးနယ်ချဲ့ရင်အိပ်ယာ၀င်ချိန်နောက်ကျခဲ့ရသည်
၀ဿန်ပြင်ဆင်ပြီးသည့်နှင့်အောက်ထပ်သို့ဆင်းလာလိုက်တယ်၀ဿန်တို့အိမ်သည်နှစ်ထပ်တိုက်အိမ်လေးဖြစ်၍၀ဿန်တို့သားအမိအတွက် ကျယ်၀န်းလှသည် ၀ဿန်ဆင်းလာတော့မေမေကမနက်စာ
အသင့်ပြင်ပေးထားသည်