Part 14

661 48 5
                                    

"ဟဲ့..၀ဿန် ဘာတွေထိုင်ဆွေးနေတာလည်း"

"ဟမ်း..အော်..အမ်း ဒီတိုင်းပါဘဲ ခုနက ကားတစီးဘေးကနေကသမ်းကရမ်းဖြတ်သွားတာ ဖုန်တွေမျက်လုံးထဲ၀င်သွားလို့ မျက်ရည်ဝဲသွားတာပါဟာ"

"အေးပါ..နင်တခုခုဖြစ်လို့မရဘူးနော် ငါ့မှာနင်ဘဲရှိတာ"

"ဟဲ့နေခြည် ..ကျုပ်ကဘယ်ရောက်သွားတာတုန်း"

"မြင့် နင့်ကငါ့ရင်ခွင်ထဲမှာလေ"

ဂုဏ်ရည်မြင့်မှထပြောတော့ နေခြည်တို့ကအတည်ပေါက်ကြီးနဲ့ထပြောပါလေရော

"နေခြည် နင်နော်"

အမြဲကိုက်တတ်ကြတဲ့မတည့်အတူနေ နေခြည်ကို ယလုတစ်ခေါက်မူ ဘာမှပြန်မပြောနိုင်ခဲ့ပါ။စိတ်ထဲမှာ ရှက်နေမိသည်။နေခြည်ကိုတွေ့တိုင်းဖြစ်ပျက်လာတဲ့အရာတွေကိုလည်းနားလည်လို့မရပါ။

"အမယ်..အရင်က ပြန်ကိုက်တဲ့ဟာလေးဘယ်ရောက်သွားလည်းမသိဘူးနော် ၀ဿန်.."

"နေခြည်စတာလည်းစ ဟိုမှာငြိမ်ကျသွားတာဘဲ"

နေခြည်ကြည့်လိုက်မိတော့ မျက်ရည်ဝဲနေတဲ့ မြင့်ကိုတွေ့လိုက်ရသည်။လှိုက်ဖိုမှုဖြစ်သွားတဲ့ရင်ဘက်ကို လက်နဲ့ဖိချမိလိုက်သည်။ခံစားချက်တကယ်မကောင်းပါ။သူအပေါ်မှာအရောင်ဆိုချင်နေတဲ့စိတ်ကိုချိုးနှိမ်ထားခဲ့တာကြာပြီပင်။

"မြင့်..ငါတောင်းပန်ပါတယ်ဟာ"

"နေခြည် နင်ကလေ အမြဲ စတယ် ငါ့ရင်ဘက်ထဲ၀င်ကြည့်စမ်းပါဟာ နင်အဲ့လိုတွေစလိုက်တိုင်း စိတ်ခံစားချက်ပေါင်းစုံဖြစ်သွားတတ်တာနင်သိလားဟမ်"

"မြင့်..ငါလေ နင့်ကိုချစ်မိနေပြီထင်တယ်"

နေခြည်မှအဲ့လိုဆိုလိုက်သောအခါ အငိုရပ်သွားသော ဂုဏ်ရည်မြင့်။ချက်ချင်းပြောင်းလဲသွားတဲ့မျက်နှာအနေအထား။ပါးနှစ်ဖက်လုံးရဲတတ်လာတာလေးကချစ်စရာလေးပင်။

"နေခြည် အတည်ပြောနေတာလား"

"အေး အတည်ပါ ငါမဖုံးကွယ်နိုင်တော့ဘူး မြင့်ရယ်"

"အွန်း..ငါလည်းနင့်ကိုချစ်တယ်"

"‌မြင့် နင်တကယ်ပြောတာလား ငါပျော်လိုက်တာဟာ"

"အဟမ်း..."

မြင့်ကိုဖတ်ဖို့လုပ်နေသောနေခြည်သည် ချောင်းဟန့်သံကြောင့်ရပ်တန့်သွားမိသည်။

"ငါ့ကိုအားနာစမ်းပါအုန်း စောက်တွဲတွေရယ်"

"ဟဲဟဲ ၀ဿန်ကလည်း နင်ကိုညကျတဝိုင်း"

"အေးပြီးတာပဲ"

ပြီးတာဘဲလိုသာပြောလိုက်ရတာ သူ့တို့ကို‌မြင်တော့ အရင်ကအကြောင်းတွေကိုသတိရမိသည်။ တီချယ်ထမင်းခွံ့ကျွေးခဲ့တဲ့အချိန်တွေ။အရှက်ပိုခဲ့အချိန်တွေ။အင်း..နာကျင်စရာတွေဟာ အမှတ်တရဖြင့် ပြောင်းလဲနေခဲ့ပြီလေ။

_________
၂လခန့်ကြာသော်

"ခေတ် ..ကိုယ်တို့ ပဲခူးဘက်ကို ခရီးထွက်ရအောင်"

"အင်း..ရှင့်သဘောလေ ဘယ်နေ့သွားမှာလဲ"

"မနက်ဖြန်ညနေ့လောက် ၃ညအိပ်၄ရက်ခရီးခေတ်"

"အင်း..ဒါဆို မနက်ဖြန်မှဘဲအ၀တ်အစား၊အသုံးအဆောင်တွေထည့်တော့မယ်"

၂လသာကြာသွားသည်။မောင့်ရဲ့အရိပ်ကိုမတွေ့ရပါ။လွမ်းမိပါသည်မောင်ရယ်။ထားခဲ့ရက်နိုင်လိုက်တာလို့ပြောချင်ပေမယ့် တကယ်တမ်း ထားခဲ့နိုင်အောင်လုပ်ခဲ့တာက တို့ဆိုတော့ ပြောဖို့အားနာသင့်ပါရဲ့။

Upတာနောက်ကြသွားရင်တောင်းပန်ပါတယ်ခဗျ ။ အကြံဉာဏ်မထွက်တော့ ဒီအပိုင်းပေါ့သွားခဲ့ရင်တောင်းပန်ပါတယ်နော် အတွဲသစ်လေးထည့်ပေးထားတယ်ငိ" အချစ်လေးတို့ ဒါလေးကို မရှဲပေးချင်ဘူးလား😁

အဝေးကဘဲကြည့်၍ချစ်နေမည်တီချယ်(Ongoing)Where stories live. Discover now