" ၀ဿန်မောင်..ခနလာပါအုန်းကွယ်"
ထမင်းစားချိန်ရောက်တော့မောင့်အတွက်ထည့်လာတဲ့
ထမင်းဘူးလေးကိုစားခိုင်းဖို့ရန် ခေတ်ရဲ့မောင့်ကိုခေါ်လိုက်တော့ ပြူးကြောင်ကြောင်လေးကြည့်နေပြန်တယ်
စာသင်ချိန်တွေလည်းကောင်းကောင်းမသင်နိုင်ဘူး
သူလေးရှိဘဲအကြည့်ကရောက်နေမိတယ် ခေတ်လည်းသတိထားမှပါပင် မဟုတ်လို့ကတော့ မောင်မကြာခင်သိသွားလိမ့်မယ်လေတီချယ်က၀ဿန်မောင်လို့ခေါ်လိုက်တော့လှိုက်တတ်လာတဲ့၀မ်းနည်းစိတ်တွေ ဟုတ်ပါတယ်လေ တီချယ်ချစ်တာကမောင်မှမဟုတ်ဘဲ ခေါ်တော့လည်းလာရတော့ပေါ့တီချယ်ရယ် မောင်ကတီချယ်စေရာပါဘဲ
"တီချယ် မောင့်ကိုဘာပြောမလိုလည်းဗျ"
"ဪ ကော်ဖီစေ့လေး လာတို့နဲ့လိုက်ခဲ့
ခုနက ၀ဿန်မောင်လို့ခေါ်လိုက်တာက ကျောင်းသားတွေရှေ့မို့ပါကွယ် ၀မ်းနည်းမနေနဲ့နော် ကော်ဖီစေ့လေး
၀မ်းနည်းနေရင် တီချယ်စိတ်ထဲနေလို့မကောင်းဘူးကွယ်"မောင်၀မ်းနည်းနေတာကိုတီချယ်ကသိနေတာလား
မထင်ထားခဲ့ဘူး မောင်တကယ်ကိုမထင်ထားခဲ့တာပါ
တီချယ်ရယ်"ဟုတ်ကဲ့ရပါတယ်ဗျာ မောင်ကအဆင်ပြေပါတယ်
တီချယ်ကလည်း တီချယ်သိလား မောင်လေတီချယ့်ကိုမြင်တိုင်း ဘာဖြစ်မှန်းမသိ ရင်ဘက်ထဲက နှလုံးသားလေးကခုန်ခုန်လာတယ်""ဟော်ရှင့်..ကျွန်မကရှင်လေးကိုဘာလုပ်လို့တုန်း
မသိရင် ကျွန်မကဘီလူးမကြီးကျနေတာပါဘဲကွယ်
ရှင်လေးပြောပုံက""အဲ့လိုသဘောမျိုးမဟုတ်ပါဘူးဗျာ ဒီ..ဒီတိုင်းပါ"
"အယ် ဘာလို့စကားတွေထစ်နေတာတုန်းကွယ်
တို့ ကော်ဖီစေ့လေးတွက် ထမင်းဘူးယူလာတယ်
အတူတူစားဖို့လေ ကော်ဖီစေ့လေးကအမြဲတမ်းနေ့လည်စာဆိုစားတာမတွေ့ဘူးလေ အားနေအဲ့ကော်ဖီတဗူးနဲ့
တီချယ်ပြောစကားကိုနားမထောင်ဘူး"ထော်ပြီးပြောနေတဲ့ နှုတ်ခမ်းဖူးဖူးလေးက
မောင်ကိုနမ်းချင်စိတ်တွေဖြစ်ပေါ်စေတယ် တီချယ်ရယ်
စိတ်ဆိုးတာလေးကချစ်စရာလေးပါလား