တီချယ့်ကိုမောင်မြတ်မြတ်နိုးနိုးချစ်မိခဲ့ပြီ
ပိုင်ရှင်ရှိတယ်ဆိုပေမယ့်လဲအဝေးကနေငေးကြည့်နေမယ်တီချယ်နှောင်းရှေ့မှာငိုမိခဲ့တယ်
သူ့လည်းနှစ်သိပ်ပေးရှာပါတယ်
ငိုလို့၀တော့မှ"သွားရအောင်တော်ကြာတီချယ်ကမတွေ့လို့
မြက်မနှုတ်ရကောင်းလားဆိုပြီးဆူနေအုန်းမယ်""အေးပါကွာ..မင်းအဆင်ပြေတယ်မလား"
"ပြေပါတယ်မပြေချင်လဲပြေရမှာပေါ့မဟုတ်လား
ငါကနှင့်နှင်သည်းသည်းချစ်မိသွားတာကိုး"ကျောင်းအိမ်သာကနေမြက်နှုတ်တဲ့ဆီကိုပြန်လာခဲ့လိုက်တယ်စိုးရိမ်စိတ်ပြည့်နေတဲ့မျက်၀န်းနဲ့တီချယ်ကမောင့်ကိုလှမ်းကြည့်နေခဲ့တာဘဲ မလုပ်ပါနဲ့တီချယ်ရယ်မျှော်လင့်ချက်တွေမပေးပါနဲ့မောင်မျှော်လင့်ချက်တွေမထားချင်ဘူးဗျာ
"ကော်ဖီစေ့လေးအခုဘယ်ကပြန်လာတာလဲ
မတွေ့လို့လိုက်ရှာနေတာ"ဘယ်ကမှန်းမသိပြန်ရောက်လာတဲ့ကော်ဖီစေ့လေးကိုခေတ်စိုးရိမ်စိတ်ဖြင့်မေးမိတယ်ဒီကလေးမျက်နှာလဲမကောင်းပါ့လား
"အိမ်သာကပါတီချယ်..ကျတော်တို့မြက်ဆက်နှုတ်လိုက်အုန်းမယ်နော်"
သူ့ကိုသူမောင်လို့ပြောတတ်တဲ့ကော်ဖီစေ့လေးက
ကျတော်လို့ပြောလိုက်တော့ခေတ်စိတ်ထဲ၀မ်းနည်းမိတယ်မောင်တို့မင်းကိုသိပ်ချစ်နေမိပါလားကွယ်
မျှော်လင့်ချက်တွေမပေးချင်ပေမယ့်တို့မောင်ကိုသိပ်ချစ်မိနေပါတယ်ဆိုတာကိုသိအောင်ပြောပြချင်ပါတယ်ဒါပေမဲ့
မောင်ရယ်...တို့ဘယ်လို့ပြောရက်ပါ့မလဲ တို့မှာမောင့်ကိုမသိစေချင်တဲ့အကြောင်းအရာတွေရှိနေခဲ့တယ်ဒီအပိုင်းတိုသွားခဲ့ရင်တောင်းပန်ပါတယ်ဗျစာဖတ်သူတွေကိုဖတ်စေချင်လို့လာတင်ပေးလိုက်တာပါဗျနောက်နေ့ကျတော်အားရင်ရှည်"လေးရေးပေးပါ့မယ်