ဒီလိုနဲ့နေ့လယ်ခင်းကျန်တဲ့အချိန်တွေကို
၀ဿန်တစ်ယောက်ပျင်းပျင်းရိရိဖြတ်သန်းနေကာ
ကျောင်းဆင်းချိန်သာအမြန်ရောက်စေချင်နေသည်ဒေါင်..ဒေါင်..ဒေါင်
၀ဿန်မျက်လုံးလေးအရောင်လတ်သွားကာ
သူစောင့်မျှော်နေတဲ့ကျောင်းဆင်ချိန်ရောက်လာ၍
အိမ်ပြန်ဖို့သာဆိုင်းပြင်နေသည် ဒီလိုနဲ့ကျောင်းအပြင်လို့ရောက်သော် တွေ့လိုက်တဲ့ ၀ဿန်သိပ်ချစ်ပါသောတီချယ်သူမက၀ဿန်သွားရာရဲ့
အခြားတစ်ဖက်ကိုသွားနေခြင်း ကြည့်ရတာ
ကားဂိတ်ကိုသွားနေပုံပင် ၀ဿန်လိုက်သွားချင်ပေမယ့်ကျူရှင်တတ်ရန်ကျန်သေး၍ သူမအိမ်ကိုသာပြန်လာရသည်စိတ်ကတော့ တီချယ်ဆီပင်ကပ်ငြီသွားလေပြီ အိမ်ကိုဘယ်လိုပြန်ရောက်လို့ပြန်ရောက်မှန်းပင်မသိလိုက်အိမ်ရောက်တော့ရေမိုးချိုးပြီးကျူရှင်သို့လစ်ရပြန်သည် အရမ်းပျင်းရိဖို့ကောင်းလိုက်တာ
ကျူရှင်မှပြန်ရောက်သော်
၀ဿန်ဂစ်တာလေးကိုဆွဲပြီးကော်ဖီတစ်ခွက်ဖျော် ၀ရန်တာသိုထွက်ခဲ့သည် ၀ဿန်လဲတီချယ်နဲ့မှဘဲ
သီချင်းဆိုချင်စိတ်ဖြစ်ကာ ဘိုဟန်၏
'ငွေသော်တာရောင်ခြည်'လေးကိုစတင်တီးခတ်သီဆိုလိုက်တယ်အသံလေးကချိုသာလှစွာ"ငွေသော်တာရောင်ခြည်
ထိန်လင်းတော့သည်
ဘုံကြိုးပြတ်တဲ့မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုဘဲ
အသည်းစွဲအောင်ချစ်မိသည်ထိန်ကြည် လရောင်သမ်းတော့
အလွမ်းပိုပါသည်
ချစ်သူရှိရင် ဪဖွင့်ပြောပါလားလို့အတည်
ရိုးရိုးနဲ့မှန်တာကိုပြောမည် တကယ်စိတ်ကအတည်
ဘယ်မိန်းမမှမချစ်ခဲ့ပြီ သဒ္ဒါကပိုသည်
ဆရာမကိုဘဲ အသည်းစွဲအောင်ချစ်မိသည်..."ဒီလိုဆိုနေတာကိုတီချယ်သိရင်ဖြင့်
ရီနေမလားမသိပေမယ့်
မောင်သိပ်ချစ်နေမိပြီး တီချယ်ရယ်
အင်း အဲ့မျက်ညိုညိုတွေကစပြီး
ချစ်ခဲ့မိပြီရုန်းမထွက်ချင်အောင်ပင်
တီချယ်က နွံအလားဘဲ ရုန်းလေနစ်လေမို့
၀ဿန်ဟာတီချယ်ထံမှာ ခစားတော့မည်သီချင်းဆိုပြီသည်နှင့် ၀ဿန်အိပ်ဖို့ပြင်လိုက်သည်
မဟုတ်ရင် မနက်ကလို့ကျောင်းနောက်ကျနေမယ်အရင်လိုမဟုတ်တော့ ၀ဿန်ကျောင်းကိုဘဲသွားချင်မိသည် တီချယ့်ရှိရာအရပ်ကိုဘဲ လာချင်မိတယ်
ဒီမနက် ၀ဿန်မေမေ မနိုးခင်ထဲက
အစောကြီးကြိုနိုးနေခဲ့သည် အချစ်ကပေးတဲ့စွမ်းအားဘဲလားမသိအရင်က အအိပ်မက်တဲ့
၀ဿန်အခုတော့စောစီစွာနိုးနေသောကြောင့် မေမေပင်အံ့ဩနေသည်၀ဿန်လဲ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီ
တီချယ်ရှိရာ ကျောင်းဆီသို့လျှောက်လှမ်းခဲ့သည်
ဒီနေ့မှခြေလှမ်းတွေကတက်ကြွနေဟန်
လမ်းသွားရင် ၀ဿန်သီချင်းညဉ်းမိသည့်အထိပင်လမ်းသွားလမ်းလာများက ၀ဿန်ကိုတကြည့်ကြည့်
သူမကတော့ ဂရုမစိုက်ဟန်နဲ့ လမ်းကိုလျှောက်နေသည်တွေ့ရပါပြီ ၀ဿန်သိပ်ကိုရောက်ချင်နေသည့်ကျောင်းတော်ကြီးကို တီချယ်သည် ဒီနေ့ဂိတ်စောင့်တာ၀န်ကျသည်ထင် ၀ဿန်လာတာမြင်တော့ပြုံးပြလေ
သိပ်လှတဲ့အပြုံး ဆွဲငင်အားတွေပါနေသည်
သူများတွေမြင်ရင် အို ၀ဿန်သ၀န်တိုမိပါရဲ့
ဒီအပြုံးလှလှလေးကိုငါတစ်ယောက်ဘဲမြင်စေချင်လိုက်တာ ၀ဿန်လောဘကြီးနေမိသည်၀ဿန် တီချယ့်အချိန်ကိုသာမျှော်နေမိသည်
တစ်ခြားချိန်များတွင်မူ စာကိုလဲအာရုံမစိုက်လို့
ဆရာမများကဆူသည့်အထိ ၀ဿန်အတွေးထဲ
တီချယ်ရောက်နေလို့ဟာကို ဟွန်းရောက်လာပါပြီ ၀ဿန်ရောက်စေချင်နေတဲ့
တီချယ့်ရဲ့ သိပ္ပံအချိန်လေး၀င်လာတော့မြင်တွေ့လိုက်ရတဲ့မျက်နှာလေးကြောင့်
ခေတ်ပြုံးမိသည် ဒီကော်ဖီစေ့လေးနဲ့မှ မူမမှန်သည့်
သူမကိုလဲနားမလည်နိုင် ထို့ကြောင့်ကော်ဖီစေ့လေးအားအပြုံးလှလှလေးပြုံးပြလိုက်သော် သူမလေးမှ
၀ဿန်ကို ကြောင်တောင်တောင်လေးစိုက်ကြည့်နေပြန်သည်ဒီအပိုင်းလေးကတိုသွားတဲ့အတွက်တောင်းပန်ပါတယ်နော် ကျတော်လဲဖတ်စေချင်လို့လာရေးပေတာပါမအားတဲ့ကြာကနေလာရေးပေးရတာပါ
voteလေးတွေလဲပေးခဲ့ကြပါအုန်း ရေးရတာအားရှိအောင်လို့👀