တီချယ့် ၀ဿန်ကိုစိတ်ဆိုးသွားတာလားမသိဘူး
သဇင်နဲ့စကားပြောတာမကြိုက်ဘူးထင်တယ်
နောက်ဆို သဇင်နဲ့စကားသိပ်မပြောတော့ဘူး
တီချယ်မကြိုက်တာဘာမှမလုပ်ဘူးဟု
၀ဿန်ဆုံးဖြတ်လိုက်သည်ဒီအတောအတွင်း
တီချယ်နဲ့အများကြီးရင်နှီးခဲ့ပြီး
လိုင်းပေါ်မှာလဲအပြန်အလှန်စကားပြောသည်ထိ
ဖြစ်ခဲ့သည်နောက်ပြီး ၀ဿန်မှာ အခင်ရဆုံးသူငယ်ချင်းတစ်ယောက်လဲရနေပါသည် သူမက၀ဿန်လိုဘဲ
ဆရာမတစ်ယောက်ကိုချစ်နေတာဖြစ်သည်
သူမနာမည်က ရှိုင်းခေတ်နှောင်းတဲ့ဗျ
၀ဿန်ကတော့နှောင်းဆိုပြီးသူမကိုခေါ်တယ်နှောင်းကကာယဆရာမဖြစ်တဲ့ဒေါ်အဏ္ဏဝါမိုးကို
ချစ်နေတာ အဲ့ဆရာမနဲ့တီချယ်ကလဲတပူးပူးတတွဲတွဲဖြစ်သလို ၀ဿန်နဲ့နှောင်းမှာလဲ တပူးပူးတတွဲတွဲပင်အခုတလော ၀ဿန်နှင့်နှောင်း တီချယ်တို့ကိုလိုက်ဖြစ်ခဲ့သည် ဒါပေမဲ့ ကံဆိုးချင်တော့တီချယ်တို့က
၀ဿန်တို့ကိုတွေ့ပြီး ဘာလို့အိမ်တန်းမပြန်ဘဲ
အနောက်ကလိုက်နေတာလဲဆိုပြီး ဆူတယ်ဗျနောက်တော့viberမှာblockသွားရော
စိတ်ဆိုးပြေအောင်ဘယ်လိုလုပ်ရမပါ့မလဲဗျာ
၀ဿန်အကြံထုတ်နေရတော့သည်အားဟုတ်ပြီး အခုကလပတ်စာမေးပွဲနီးနေပြီဆိုတော့ စာမေးပွဲမှာအမှတ်ကောင်းအောင်ဖြေနိုင်ရင်
စိတ်ဆိုးပြေလောက်မယ်ထင်တယ်စာမေးပွဲပထမနေ့နဲ့ဒုတိယနေ့ကအေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ် ဒါပေမဲ့နောက်ဆုံးရက်မှာ
၀ဿန်အခက်တွေ့ခဲ့ရတယ်တီချယ်က၀ဿန်တို့စာဖြေတဲ့အခန်းရှေ့ကနေ ၀ဿန်ထိုင်နေရာကိုလှန်းလှန်းကြည့်နေတာ
၀ဿန်ရနေတဲ့စာတွေတောင်မေ့ကုန်တယ်တီချယ်ရယ် အဲ့လိုမလုပ်ဘူးလေလို့ပြောလိုက်ချင်ပါဘီ့နော်
တော်သေးတာပေါ့ ဖြေနိုင်သွားလို့ဘဲမဟုတ်ရင်၀ဿန်ခွေးဖြစ်တော့မှာပင်
ဖြေဆိုပြီးတာနဲ့ ၀ဿန်လဲနှောင်းကိုစောင့်နေလိုက်သည်နှစ်ယောက်သားခုံနံပါတ်ကွာဟမှုကြောင့်
ဖြေဆိုရသည့်အခန်းမတူချေ