"တီချယ်တို့လမ်းခွဲရအောင် မောင်"
"ဗျာ.."
"လမ်းခွဲရအောင်လို့ပြောတာ ၀ဿန်မောင်"
"ဘာ..ဘာလို့လဲ တီချယ်မောင်ဘာအမှားလုပ်မိလို့လဲဟင်"
မျက်ရည်များဝဲလာသောမျက်၀န်ကြည်ကြည်
မောင်ဘာတခုမှနားမလည်တော့ဘူးတီချယ်ရယ်
ဘာတွေပြောနေရတာလဲဗျာ"ဒီမယ်၀ဿန်မောင် မင်းဘာအမှားမှမလုပ်ထားဘူး
ငါ့မှာအိမ်ထောင်ရှိတယ် ဒါကြောင့် မင်းလိုမိန်းကလေးကိုမနာကျင်စေချင်လို့ပြောတာ နားလည်လား
မိန်းကလေးနဲ့တွဲတာဘယ်လိုလဲသိချင်လို့""ဗျာ..မနောက်ပါနဲ့တီချယ်ရယ်
တီချယ်ဘဲမောင့်ကိုချစ်တယ်ဆို မောင်တို့ချစ်ကြတယ်လေ မောင်တို့နှစ်ယောက်ချစ်နေကြရင်ရပြီလေ မောင်သိတယ် တီချယ်မှာအိမ်ထောင်ရှိမှန်း မောင်သိခဲ့ပါတယ် ဒါပေမယ့်....""ဒါပေမယ့်လုပ်မနေနဲ့တော့ မောင် တို့ကိုမုန်းလိုက်ပါတော့ မဖြစ်သင့်ဘူးလေတို့တွေကနော် မုန်းလိုက်ပါ"
တီချယ်မျက်ရည်ဝဲပြီးပြောနေတာ ဟင့်အင်း
တီချယ်မငိုရဘူး မောင်လိမ်ညာပြီမုန်းပေးပါ့မယ်
မောင်တို့ဇာတ်လမ်းကမစခင်ထဲက ဆုံးနှင့်ပြီးသာပါ
တီချယ်မှန်ပါတယ် မောင့်တို့ကမဖြစ်သင့်ဘူးဆိုတာလည်းမောင်သိပါတယ်"တီချယ်"
"တီချယ်ရယ်..မောင်ဘယ်လိုလုပ်မုန်းနိုင်မှာလဲဗျာ
မောင့်တီချယ်ကိုသိပ်ချစ်တာဗျ မုန်းဖို့မပြောနဲ့
ဟန်ဆောင်မုန်းပါဆိုရင်တောင် မောင်မမုန်းနိုင်ဘူး
ဟင့်အင်း..မောင်တို့ဇာတ်လမ်းကဒီမှာတင်
အဆုံးသတ်တော့မှာလား တီချယ်""၀ဿန်မောင်ရယ် တို့မင်းကိုချစ်ခဲ့ပါတယ်"
"ချစ်ခဲ့တယ်တဲ့လားတီချယ် ချစ်ပေးခဲ့လို့ ၀ဿန် ကျေးဇူးတင်ပါတယ်တီချယ် သွားခွင့်ပြုပါအုန်း"
"မောင်ရယ် တို့မင်းကိုသိပ်ချစ်ပါတယ်ကွယ်"
တိုးညှင်းသောထို့အသံကို လှည့်ထွက်သွားတဲ့
၀ဿန်မောင်မကြားလိုက်ပါ မျက်ရည်များစီးကျနေတာကို ခေတ်သုတ်လိုက်တယ် ဟုတ်တယ် ဒါငါရွေးချယ်ခဲ့တာဘဲလေ မောင်ကအပစ်မရှိဘဲနာကျင်နေရတာ
မောင်အတွက်မတရားတာသိပေမယ့် မောင်ရေ
တို့မင်းကိုသိပ်ချစ်ပါတယ်