One

2K 123 17
                                    

စာကြည့်တိုက်မှာ စာဖတ်ရတာမကြိုက်သူမို့
ကျောင်းရှေ့ပန်းခြံက ချယ်ရီပင်ကြီးအောက်မှာ
technology နဲ့သက်ဆိုင်တဲ့ စာအုပ်အထူကြီးကို ထိုင်ဖတ်နေသူတစ်ဉီးရှိနေခဲ့သည်။

သူဟာ Lotus International University ရဲ့ Technical major က Choi Seungcheol ။

တည်ငြိမ်ပြီးယောကျ်ားဆန်တဲ့မျက်နှာကျရှိတဲ့ ကောင်ချောလေး ၊ 21 နှစ်အရွယ် တတိယနှစ်ကျောင်းသားလေး ။
ရုပ်ရည်ကြည့်မလား? နောက်ခံအသိုင်းအဝိုင်းကြည့်မလား?
အကုန် prefect ပဲ! အရည်အချင်းကလည်းအပြည့် ၊ဘက်စုံထူးချွန်တဲ့ကောင်လေးတစ်ယောက်ပေါ့။

Seungcheol ကတစ်ချိန်မှာ Rio ကိုဉီးဆောင်ရမယ့်သူဖြစ်တာကြောင့် ကျန်တာတွေအသာထား ၊ Technic ပိုင်းကိုတော့ ကျွမ်းကျင်နေမှဖြစ်မှာမို့ အားနေချိန်တွေမှာတော့ စာအုပ်တွေဖတ်ဖြစ်သည့်သူတစ်ယောက် ။

Rio...
IT & Game Company တစ်ခု ၊
မြောက်မြားစွာသော Company ခွဲတွေ ၊ လွှမ်းမိုးမှုမြင့်မားသော Game အမျိုးအစားတွေ ၊
ထို့အပြင် တစ်ဉီးတည်းသောဆက်ခံသူ Choi Seungcheol ကြောင့် အလွန်ကိုနာမည်ကြီးသော Company ဖြစ်သည်။

'' Seungcheol hyung ''

အဝေးကလာတဲ့အသံသည် ရင်းနှီးကျွမ်းဝင်နေပြီးသားအသံ၊ JB ရဲ့လက်ရှိဒုဉက္ကဌ Kwon Hoshi
Seungcheol ရဲ့ဝမ်းကွဲညီပေါ့။

'' ဘာတုန်း ''

'' အိမ်ကိုလာနေမလို့ ရလား ''

'' ဘာဖြစ်ပြန်တာလဲ တီလေးဆူလိုက်ပြန်ပြီလား ''

'' ဟုတ်တယ် မရလည်းလာနေမှာ ''

'' မင်းက JB ကိုပစ်ပစ်ထားတာကိုး ဆူမှာပေါ့ ''

'' hyung ရော Rio ကိုမပစ်ထားလို့လား ''

'' ငါက Rio ကိုနောက်ကနေ ညွှန်ကြားရုံပဲလုပ်ရသေးတာ မင်းလိုလူအကောင်လိုက် သွားစရာလိုမနေဘူးလေ။ ပြီးတော့ ပစ်ထားလည်း Appa ကကြည့်လုပ်လိမ့်မယ် ''

'' ဒါမဲ့ hyung က Rio ရဲ့ဆက်ခံသူဆိုပြီး media တွေမှာကြေညာထားပြီးပြီလေ ''

'' ဒီကောင်တော့..ငါလုပ်လိုက်ရ! CEO ငါ့အဖေတစ်ယောက်လုံးရှိနေသေးတာ ငါကဝင်လုပ်စရာလိုဉီးမလား ''

'' အန်ကယ်ကမှတော်သေး အိမ်ကမွေးသဖခင်က ဂျူနီယာတန်းကသူ့သားကို ဒုဉက္ကဌပါလုပ်ခိုင်းထားတယ် စိတ်ညစ်လိုက်တာဗျာ ''

EverlastingWhere stories live. Discover now