Four

778 99 13
                                    

အိမ်...
ပျော်ရွှင်ရတဲ့ရပ်ဝန်းကိုမှ အိမ်လို့ခေါ်တာဆိုရင် အခုလက်ရှိ Seungcheol ရဲ့ဉီးတည်ရာဟာ အိမ်မဟုတ်ဘဲ ငရဲသာဖြစ်သည်။ မာမီဆုံးသွားတာ ၇လလောက်သာရှိသေးသည့်တိုင် သူနဲ့အသက်ချင်း၂နှစ်လောက်သာ ကွာသည့်မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတဲ့ Appa ကမုန်းပစ်ချင်စရာ၊ မာမီရှိတုန်းကလည်း ဖောက်ပြန်တဲ့ appa အကြောင်းကို အကုန်သိရက်နဲ့ ဘာမှမလုပ်နိုင်သူသည် အားနည်းချက်ကိုချုပ်ကိုင်ခံထားရ၍သာဖြစ်သည်။ အခုသူ့အားနည်းချက်ဖြစ်တဲ့ မာမီကမရှိတော့တာကြောင့် သူ့အဖေကိုလွန်ဆန်တာတွေပြုလုပ်လာနိုင်သည်။ Hannie ကိုလည်း Appa မသိအောင် နောက်ကြောင်းတွေအကုန်ဖွက်ထားတာကြောင့် အန္တရာယ်တော့ရှိမနေဘူးထင်ပါရဲ့။

Appa အိမ်ပေါ်ခေါ်တင်လာတဲ့ မိန်းမကလည်း Yoon မျိုးရိုးပေမို့ နည်းနည်းတော့စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။
Yoon မျိုးရိုးဆိုတာနဲ့ Hannie ကိုပဲ ပြေးမြင်မိတဲ့သူကလည်းဆေးပါမမှီပါ။ နှိုင်းစရာကတော့ရှိကိုမနေ၊ Hannie ဖြူစင်ပြီးချစ်ဖို့ကောင်းသလောက် ဒီအမျိုးသမီးဟာ သိပ်ကိုရဲတင်းပြီးရွံစရာကောင်းသည်။ ဘယ်လိုစိတ်နဲ့များ သူ့အိမ်ပေါ်တက်လာရဲလည်းမသိ၊ မိန်းမတစ်ယောက်ဖြစ်နေ၍သာ သူဘာမှမလုပ်ခြင်း။ သူ့စိတ်နဲ့သာဆို အဲ့အမျိုးသမီးလူ့လောကထဲကနေ ထွက်သွားရမှာကြာလောက်ပြီပင်။

ကွန်ဒိုငှားနေသူမို့ လွတ်လပ်ပေမယ့် ဒီအိမ်ကိုပြန်လာသည်နှင့် စိတ်ဖိစီးမှုတွေသာခံစားရသည်။ သူ့ပျော်ရွှင်မှုလေးရှိရာ ရပ်ဝန်းကိုသာသူသွားချင်ပါသည်။
တွေးလက်စတွေကိုရပ်ကာ ကားကိုအိမ်ရှေ့တည့်တည့်မှာရပ်ခဲ့ပြီး မျက်နှာထားခပ်တင်းတင်းနှင့် အိမ်ထဲဝင်သွားလိုက်သည်။ တကယ့်ဂြိုလ်ဆိုးပါပဲ ၊ ထိုမိန်းမကဧည့်ခန်းမှာထိုင်နေတယ်။ မရှိတဲ့လူလိုသဘောထားပြီး ကျော်သွားသော်လည်း နာမည်ကိုလှမ်းအော်ခေါ်တာကြောင့် အကြည့်စူးစူးနဲ့တစ်ချက်ကြည့်ပြီး မျက်နှာလွှဲကာ စကားပြန်ပြောဖို့ပြင်လိုက်ရသည်။

Appa ကပြောတယ် ၊ သူခေါ်လာတဲ့အမျိုးသမီးကမိန်းမကောင်းတဲ့။ သူကတော့ထင်မနေပါ ၊ ရဲထင်းနေတဲ့နှုတ်ခမ်းနီနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်စေတဲ့ ဝတ်စုံကျပ်ကျပ်တွေဟာ အဲ့မိန်းမခန္ဓာကိုယ်နဲ့ဘယ်လိုမှ လိုက်ဖက်ခြင်းမရှိစွာ အကျည်းတန်နေ၏။ Appa ကသာအလွန့်အလွန် မွှန်နေ၍မမြင်တာဖြစ်ပါလိမ့်မည်။

EverlastingWhere stories live. Discover now