" Hoonie hyung!!! "
မိုးပြာရောင် နှစ်ထပ်တိုက်ဟာ classic ဆန်စွာ လှပမှုကျက်သရေအပြည့်ဖြင့် တည်ရှိနေ၏။ သူတို့၏ကားရောက်သည်နှင့် အိမ်ထဲမှဆံနွယ်အပြာရောင်လေးနှင့် ကလေးငယ်ဟာပြေးထွက်လာကာ Jihoon ရဲ့ခြေထောက်ကိုဖက်လာ၏။ သူ့ကိုမြင်ခါမှ ချက်ချင်း Jihoon အနောက်မှာပုန်းနေကာ ခေါင်းလေးသာထုတ်ပြီး လှမ်းကြည့်နေ၏။
တည်နေတဲ့ သူ့မျက်နှာထားကြောင့် ထိုကလေးငယ်ကြောက်နေခြင်းဖြစ်မည်။ ကလေးလေးရှေ့ဒူးထောက်ချလိုက်ပြီး ပါးချိုင့်နက်နက်တွေကိုပေါ်သည်အထိ ပြုံးပြမှအရှေ့ကိုတိုးလာကာ သူ့ပါးချိုင့်တွေကို လက်နှင့်တို့ထိနေပြန်သည်။သူအသာတကြည် ငြိမ်ခံပေးတော့ တခစ်ခစ်ရယ်သံလေးတွေ ထွက်သည်အထိ ရယ်မောနေပြန်၏။ ကလေးလေးက အတော်ပင်ချစ်စရာကောင်းသည်။
ဖောင်းကစ်နေတဲ့လက်သေးသေးလေးတွေက သူ့ပါးပေါ်မှာဆော့ကစားနေ၏။ ပုံမှန်ဆိုသဘောမကျလောက်ပေမယ့် သူ့ပါးချိုင့်တွေကိုထိတွေ့ခွင့်ရသူ တစ်ဉီးထပ်တိုးလာပြန်သည်။ မာမီရယ် ဒီကလေးလေးရယ် ပြီးတော့ Hannie... Yoon Jeonghan ရယ်ပေါ့။" Channie.. ဧည့်သည်ကိုအိမ်ထဲပေးဝင်ဉီးလေ "
" ဟီး>< hyung လာလာ သားနဲ့လိုက်ခဲ့ "
Cheol ရဲ့လက်ကိုဆွဲကာ ဧည့်ခန်းထဲကိုခေါ်သွားသူကိုကြည့်ရင်း Jihoon စိတ်ထဲမှာတွေးလိုက်မိသည်။သူစိမ်းတစ်ယောက်ဖြစ်ပေမယ့် Seungcheol က အန်တီမီယောင်းနဲ့တူလို့ Chan ကမကြောက်တာဖြစ်နိုင်သည်။ ပြီးတော့ Channie ကို Seungcheol ကစောင့်ရှောက်ပေးနိုင်မယ့်ပုံပါပဲ။
" Hyung နာမည်သားကိုပြောပြပါလားဟင် "
မျက်လုံးဝိုင်းဝိုင်းလေးနှင့် နှုတ်ခမ်းဆူကာ ကြည့်နေသည့်ကလေးလေးဟာ ချစ်ဖွယ်အတိ။ ခေါင်းလုံးလုံးလေးကိုပွတ်သပ်ပေးလေတော့ ရယ်သံသေးသေးလေးတွေထွက်လာကာ သိပ်သဘောကျနေပြန်သည်။
" Hyung နာမည်က Choi Seungcheol ပါ
သားနာမည်ကရော "" Joongchan ပါ အသက်က
တစ်..နှစ်..သုံး..လေး..ငါး...ခြောက်... ခြောက်နှစ်ရှိပါပြီဗျ "လက်တစ်ချောင်းချင်းစီထောင်ကာ တစ်နှစ်သုံးလေး ရေတွက်ပြီးကာမှ လက်ခြောက်ချောင်းထောင်ပြလာပြီး မျက်လုံးလေးတွေမှိတ်ကျသည်အထိ ပြုံးပြလာပြန်သည်။ မာမီက Joongchan ရဲ့အမေရင်းမဟုတ်ဘူးဆိုတာကို Jihoon ပြောပြလို့သိပြီးပေမယ့် Chan ကိုမြင်မြင်ချင်းထဲက သူ့ရဲ့ကလေးတစ်ယောက်လိုပင် တွယ်တာမိသွားခဲ့သည်။
YOU ARE READING
Everlasting
Fanfictionမြတ်နိုးရာရပ်ဝန်းငယ်လေးဟာ လှပလွန်းတာမို့ ရူးသွပ်ခဲ့ခြင်းတွေဟာ Choi Seungcheol ဆိုတဲ့လူသားရဲ့ အဘိဓာန်ထဲမှာ အစီအရီ....