Two

884 102 8
                                    

ယနေ့သည်အထူးခြားဆုံးနေ့တစ်နေ့၊ သူသဘောကျရသော Choi S.coups ကိုအပြင်မှာပထမဆုံးမြင်ခဲ့ရသောနေ့ဆိုရင်လည်းမမှားပါ။

အိမ်ပြန်ရောက်ရောက်ခြင်း၌ပင် ယခင်နေ့တွေနည်းတူ အထီးကျန်သည်ဟု Jeonghan မခံစားရ။
ပုံမှန်ဆိုရင် ဒီခြောက်ကပ်ကပ်အိမ်ကြီးထဲမှာ အမြဲသူတစ်ယောက်ထဲ ဂီတာတစ်လက်နဲ့ ပန်းချီတွေသာ သူ့အဖော်အဖြစ်ရှိနေခဲ့တာ။

Mommy က Daddy ဆုံးပြီးသွားသည့်အချိန်ကစ ယနေ့အထိအလုပ်သာဖိလုပ်နေခဲ့သည်။
အဲ့လိုလုပ်နေ၍လည်း Daddy ၏သေဆုံးမှုကို ဝမ်းနည်းပူဆွေးနေသည်ဟု မထင်စေချင်ပါ။
Mommy က Daddy ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးမလား။

Daddy ကသာ Mommy အပေါ်အရမ်းချစ်ပြခဲ့တာ၊ ဂရုစိုက်ပေးခဲ့တာ၊
Mommy ကသူ့ကိုသားတစ်ယောက်ကဲ့သို့ အသိအမှတ်ပြုထားသော်ငြား မိခင်မေတ္တာကိုနွေးထွေးစွာမပေးခဲ့လေသူ၊
ရက်စက်ပါတယ်လို့လည်း မပြောရက်ပါ။
Mommy ရဲ့ငယ်ရွယ်မှုအခိုက်အတန့်တွေကို Daddy ကသိမ်းယူခဲ့တာမဟုတ်လား။ Mommy စိတ်နာသင့်ပါရဲ့။

အခုချိန်မှာ Mommy ဟာ အပျိုတစ်ယောက်ကဲ့သို့ သိပ်ကိုလှပလာကာ ထက်မြက်သည့်လုပ်ငန်းရှင် အမျိုးသမီးတစ်ဉီးဖြစ်လာခဲ့သည်။
အသက် 40 သာရှိသေးသည့် Mommy ဟာအရွယ်တင်ပြီး နုပျိုလွန်းပါရဲ့။
ဟုတ်ပါတယ်၊ Mommy ဟာ Daddy ကိုအသက် 18 နှစ်အရွယ်ထဲကလက်ထပ်ခဲ့ရသူ...

Daddy က Mommy ကိုမြင်မြင်ချင်းသဘောကျခဲ့လို့ ပြိုလဲခါနီး Mommy တို့ကုမ္ပဏီကိုငွေကြေးတွေပုံပေးကာ Mommy ကိုသာတောင်းခဲ့တဲ့သူ၊
တကယ်တော့ Daddy ရဲ့အတ္တတွေကမှားယွင်းနေခဲ့တာ ၊ တကယ်ချစ်ရင် အဲ့လိုမလုပ်သင့်ဘူးလေ။ Mommy ကထက်မြက်သည့်လူတစ်ယောက်မို့ အနာဂတ်ရည်မှန်းချက်တွေအပြည့်နှင့် မိန်းမပျိုလေးတစ်ယောက်၊  Daddy ရဲ့ကျေးဇူးတရားဆိုတဲ့အချက်ကြောင့် ငယ်ရွယ်မှုတွေကို ပေးဆပ်ကာလက်ထပ်ခဲ့ရခြင်းသာ။

Jeonghan ကိုတော့ လက်ထပ်ထားပြီး တစ်နှစ်ကျော်လောက်နှင့်ရခဲ့တာဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့်ကလေးအမေဖြစ်လာသည့် Mommy က ကလေးမထိန်းတတ်ဘူးဟု ဖွားဖွားကပြောသည်။ သူ့ကိုတောင် ဖွားဖွားလက်ထဲမှာပဲ အမြဲအပ်ထားခဲ့တာတဲ့။ မိခင်မေတ္တာမရခဲ့သော်ငြား ဖွားဖွားနှင့်အဒေါ်ကတော့အလိုလိုက်ကာ ချစ်ပေးသည်။

EverlastingWhere stories live. Discover now