ရယ်တော့ရယ်ရသားပဲ။
သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကမစခင်မှာထဲက အပြီးသတ်သွားခဲ့တာ။
သိပ်တော်တာပဲ Yoon Jeonghan !
အရူးလုပ်သွားနိုင်တာလည်း အရမ်းတော် ၊ အယုံသွင်းသွားနိုင်တာလည်းသိပ်တော်။
တစ်ခါထဲ သတ်ပစ်မသွားတာဘဲ ကျေးဇူးတင်ရမယ်ထင်။.........
ပွဲဟာပျက်မသွားခဲ့ပါ။ သူပဲဆက်ဉီးစီးကာ ကျင်းပဖြစ်ခဲ့သည်။ Appa ၊ Yoon Jia နဲ့ Yoon Dohwa သုံးယောက်လုံးကတော့ ထောင်ထဲဝင်သွားခဲ့ရသည်။ သူ့အမေတစ်ယောက်လုံး အဖမ်းခံရတာတောင် Jeonghan ဆီကဝမ်းနည်းရိပ်ပင် မမြင်ခဲ့ရ။ သူ့အမေကို မဲ့ပြုံးနဲ့သာကြည့်နေခဲ့သည်။ ထူးဆန်းပေမယ့် အခုချိန်မှာသူနဲ့ပတ်သက်ပြီး ဘာမှမတွေးချင်ပါ။
ပွဲပြီးသွားပြီး နောက်၂ရက်အထိ သူ့တိုက်ခန်းကအခန်းထဲမှာပဲ နေနေခဲ့သည်။ အသည်းကွဲတာရော၊ စိတ်နာတာရောပေါင်းပြီး လူကမထချင်တော့။ ပြီးတော့ Joongchan အပြင်သူရှာရမည့်လူရှိသေး၏။
မာမီအသတ်ခံရတဲ့ video ပို့ပေးလာပြီး မာမီဖွက်ထားတဲ့ Joongchan ရဲ့အကြောင်းကို ပြောပြတဲ့လူရဲ့နောက်ကြောင်းကိုလိုက်နေပေမယ့် ဘာမှပေါ်မလာ။ ဘယ်သူလဲသူသိပ်သိချင်လှသည်။ သူ့အကြောင်းဘာလို့သိပ်သိနေရတာလဲ။~ hope you listen to the song 'cause ~
unknown number ဆိုတဲ့ contact နဲ့ဝင်လာတဲ့ ဖုန်းတစ်ကောလ်ကို ကိုင်လိုက်သည်။ တစ်ဖက်ကကောင်လေးတစ်ယောက်ရဲ့ အသံဟာ သူတစ်ခါလေးမျှပင်မကြားဖူးပါသောအသံဖြစ်၏။
* Choi Seungcheol ssi? *
* မှန်ပါတယ် ဘာကိစ္စရှိလို့ပါလဲ *
* အဟင်း ဘာမှတော့မဟုတ်ပါဘူး ခင်များသုံးသွားတဲ့အကွက်လေးက သိပ်လှတယ်လို့ချီးကျူးမလို့ပါ *
* video ပို့ပေးတာမင်းလား *
* ဟုတ်တယ်ဆိုရင်ရော? *
* မင်းဘယ်သူလဲ ဘာလိုချင်လို့လဲ *
* နာမည်ကတော့ Lee Jihoon ပါ လူကိုမြင်ချင်ရင် တိုက်ခန်းအပြင်ကိုထွက်ခဲ့ပါလား *
ထိုစကားအဆုံး သူပြတင်းပေါက်ကနေ အောက်ကိုလှမ်းကြည့်မိတော့ ကားကိုခပ်လျော့လျော့မှီထားတဲ့ ကောင်လေးကပြုံးပြုံးလေးဖြင့် လက်လှမ်းပြသည်။ ဖုန်းကိုနားဆီပြန်ကပ်ပြန်တော့ ရယ်သံသဲ့သဲ့လေးနှင့်
YOU ARE READING
Everlasting
Fanfictionမြတ်နိုးရာရပ်ဝန်းငယ်လေးဟာ လှပလွန်းတာမို့ ရူးသွပ်ခဲ့ခြင်းတွေဟာ Choi Seungcheol ဆိုတဲ့လူသားရဲ့ အဘိဓာန်ထဲမှာ အစီအရီ....