ဘေးမှာအိပ်နေတဲ့ အလှလေးရဲ့မျက်နှာပေါ်မှာ လိုက်ကာကိုဖြတ်ကာ ကျဆင်းလာတဲ့နေရောင်ခြည်နုနုဟာ ခစား၏။ သူ့အပိုင်အလှလေးဟာလေ ပြီးပြည့်စုံနေလိုက်တာများ စိတ်မချရလောက်အောင်ပင်။
စတွေ့စဉ်ထဲကချစ်ခဲ့ပေမယ့် ဖွင့်မပြောနိုင်ခဲ့တဲ့ ဝေဒနာတွေဟာ အလှလေးရဲ့ပွေ့ဖက်မှုတစ်ခုနဲ့တင် ပျောက်ကင်းသွားစေခဲ့သည်။ နူးညံ့တဲ့နှုတ်ခမ်းပါးပါးလေးကတော့ သူ့အတွက်ဆုလာဘ်ပေါ့။ငြိမ်ငြိမ်လေးနဲ့အေးချမ်းစွာ အိပ်နေတဲ့ Hannie ဘက်ကိုဘေးတစ်စောင်းလှဲလိုက်ပြီး မေးထောက်ကာထိုင်ကြည့်နေလိုက်သည်။ ဒီလောက်နူးညံ့ပြီးပြည့်စုံတဲ့အလှတရားလေးကို မငေးပါဘဲ အိပ်စရာအကြောင်းနည်းနည်းလေးမှမရှိဘူးလေ။ ဒါမျိုးကနေ့တိုင်းရနိုင်တာမဟုတ်၊ မနေ့ညကတောင်နမ်းလိုက်မိလို့ ရှက်ပြီးအတင်းပြန်လွှတ်နေတာကို ပေတေပြီးသပ်သပ်မပြန်မိတာကို ကျေးဇူးအများကြီးတင်နေရသေးသည်။
၁၅မိနစ်လောက်ကြာပြီးတဲ့နောက်မှာ Hannie ကလူးလှိမ့်ပြီးနိုးလာလေရဲ့။ သူ့ကိုမြင်မြင်ချင်း မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ ပြုံးပြသူဟာ မနက်ခင်းနိုးနိုးချင်း မျက်နှာနုနုလေးကအစ ချစ်ဖို့ကောင်းလွန်းနေတာများ အိတ်ကပ်ထည့်ဖွက်ပြီး ဘယ်သွားသွားခေါ်သွားချင်စရာ။
" Cheol အိမ်မပြန်သေးလား ကျောင်းသွားရမှာလေ "
" ဟော် ဘာတွေယောင်နေတာလဲ ကိုယ့်သက်ညှာရယ် ဒီနေ့စနေနေ့လေ "
" ဟမ်! ဟုတ်လား "
အလန့်တကြားငုတ်တုတ်ထထိုင်တဲ့ သူကိုခါးသွယ်သွယ်လေးကနေဆွဲကာ ပြန်အိပ်စေတော့ အတင်းတွန်းဖယ်ကာထသွား၏။ သူကတော့ကုတင်ပေါ်မှာ ကြောင်တောင်တောင်ကျန်ခဲ့ရသည်။ Hannie ရေချိုးပြီးထွက်လာတဲ့ သူကုတင်ပေါ်မှာထိုင်နေတုန်းမို့ သူ့အနားကိုလာကာ အကျိုးအကြောင်းပြောပြသည်။
" mommy က စနေနေ့တိုင်းအိမ်ပြန်လာတယ် Cheol ရဲ့ ရုတ်တရက်အခန်းထဲဝင်လာလို့ တူတူအိပ်နေတာမြင်ရင် အထင်လွဲသွားလိမ့်မယ် Cheol လည်းထတော့ ရေချိုးနော် ငါအင်္ကျီထုတ်ပေးထားမယ် "
" အင်းပါ Hannie သဘော "
ထထွက်သွားတဲ့သူ့ကို နောက်နေဖက်ကာ သူ့ပခုံးပေါ်မေးတင်ပြီး ချော့လာတဲ့ Hannie က သူစိတ်ကောက်သွားတယ်ဟု ထင်ပုံရပါသည်။
YOU ARE READING
Everlasting
Fanfictionမြတ်နိုးရာရပ်ဝန်းငယ်လေးဟာ လှပလွန်းတာမို့ ရူးသွပ်ခဲ့ခြင်းတွေဟာ Choi Seungcheol ဆိုတဲ့လူသားရဲ့ အဘိဓာန်ထဲမှာ အစီအရီ....