( Coupshan ရဲ့လက်ထပ်ပွဲမတိုင်ခင် တစ်ပတ်အလို...)
2 ယောက်အတူဝယ်ထားတဲ့ ကွန်ဒိုမှာဖြင့် Wonwoo ကအစောကြီးနိုးနေပြီး Mingyu ကတော့ အိပ်နေတုန်းပဲ..။ ညကအိမ်ပြန်လာတာ နောက်ကျတဲ့ Mingyu ကို စိတ်ဆိုးချင်ပေမယ့် ဒီမနက်တင်တွေ့လိုက်ရတဲ့ Mingyu ရဲ့ phone notification ကြောင့် စိတ်ဆိုးချင်စိတ်တွေက အစကိုရှာမရတော့..။ ဒါပေမဲ့ ငဂျစ်လေးပီပီ စကားမပြောဘဲ ထားလိုက်ဦးမှာကိုတော့ ဗွေမယူဖို့မျှော်လင့်ပါတယ်။
ဘာပဲဖြစ်ဖြစ် Mingyu က သူ့ကိုသိပ်ချစ်တယ်ဆိုတာတော့ သူ့အသက်နဲ့ရင်းပြီးတောင် လောင်းကြေးထပ်လို့ရတယ်..။ အချစ်အကြောင်းပြောမိတော့ သူ့အတွေးတွေဟာ အတိတ်ဆီကို ကူးလူးသွား၏။
.
.
.'' Wonwoo.. မင်းနဲ့အတူနေရမယ့် အဆောင်သားရောက်လာလိမ့်မယ်.. မင်းထက် ၁ နှစ်ငယ်တော့ အဆင်ပြေလိမ့်မယ်ထင်တာပဲ.. "
အဆောင်မှူးရဲ့စကားကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ ပြီးတာနဲ့ သူ့အလုပ်သာသူ ပြန်လုပ်နေလိုက်တယ်..။
ဘာပဲဖြစ်ဖြစ် တစ်ယောက်ထဲနေတာထက် တခြားသူပါရောက်လာတော့ အဖော်ရတာပေါ့။ အခန်းဖော်ကဂျစ်မကျတဲ့သူပဲ ဖြစ်ရင်ကောင်းမယ်..။assignment လုပ်နေရင်း တံခါးခေါက်သံကြောင့် ဒီလူဟာ manner ရှိတာပဲဆိုပြီးတော့ တွေးလိုက်မိတာတော့ ငြင်းဆိုဖွယ်ရာမရှိ။ ဘယ်သူကသိခဲ့မှာလဲ.. တံခါးနောက်ကနေပေါ်လာတဲ့ မျက်နှာချောချောက သူ့နှလုံးသားကို ခိုးယူသွားခဲ့မယ်ဆိုတာ အဲ့ဒီနေ့ထဲကစ သူဟာအချစ်ဆိုတာကို ထိတွေ့ခဲ့ရတာ ..။
နောက်နေ့တွေမှာလည်း ထိုအမျိုးသားဟာ သူ့အနားတကောက်ကောက်လိုက်လို့..။
Kim Mingyu တဲ့လေ.. ချောပေမယ့် နမော်နမဲ့နိုင်တာများ ပါပီသေးသေးလေးကျနေရော..။
ဒါပေမဲ့ လိုအပ်လာရင်လည်း ရင့်ကျက်ပြီး ယောက်ျားဆန်သွားပြန်ရော.. တကယ့်ကို အမျိုးမျိုးတတ်နိုင်တဲ့လူ..။အိမ်မှုကိစ္စမလုပ်တတ်တဲ့ သူ့အခန်းကိုပါ ဝင်ရှင်းပေးတတ်တဲ့ Mingyu..
ဘာစားချင်လဲ အမြဲချက်ကျွေးတတ်တဲ့ Mingyu...
သေးသေးလေးကအစ သူ့ကိုဂရုစိုက်ပေးတတ်တဲ့ Mingyu...
YOU ARE READING
Everlasting
Fanfictionမြတ်နိုးရာရပ်ဝန်းငယ်လေးဟာ လှပလွန်းတာမို့ ရူးသွပ်ခဲ့ခြင်းတွေဟာ Choi Seungcheol ဆိုတဲ့လူသားရဲ့ အဘိဓာန်ထဲမှာ အစီအရီ....