" အားးးး "
တိုက်ခန်းထဲမဝင်ခင် ထွက်ပေါ်လာတဲ့ Jihoon ရဲ့ အော်သံကြောင့် ချက်ချင်းပြေးရှာတော့ စိုရွှဲနေတဲ့ခေါင်းနဲ့ ကပိုကရိုဝတ်ထားမှန်းသိသာတဲ့ အဝတ်တွေနဲ့ Jihoon ရယ် နားရွက်ဖျားတွေရဲပြီး ဂနာမငြိမ်တဲ့ Soonyoung ရယ်နဲ့ ရေချိုးခန်းရှေ့မှာ တည့်တည့်တိုးတယ်။ မဟုတ်မှ Jihoon ရေချိုးနေတုန်း Soonyoung ကရေချိုးခန်းထဲဝင်သွားတာလား!?
" ဘာဖြစ်ကြတာလဲ "
ဒေါသတကြီးနဲ့ Jihoon က Soonyoung နားရွက်ကို ခြေဖျားထောက်ပြီးလှမ်းဆွဲကာ Soonyoung မကြိုက်ဆုံးစကားကိုစပြော၏။
" ဒီဟမ်းစတားရုပ်နဲ့ကောင်က ရေချိုးခန်းထဲကို သော့ဖွင့်ပြီးဝင်လာတယ်လေ "
" ဘာ! ဘာကိုဟမ်းစတာလဲ ကျားကွ ကျား "
" ဆေးရုံပို့ပေးရမလား "
" မင်းတော့ ငါလုပ်ရင်တစ်ကိုင်စာပဲရှိတယ်နော် "
သူ့နားရွက်ကိုဆွဲထားတဲ့ Jihoon ရဲ့လက်ကိုဆွဲချုပ်ပြီး ရင်ခွင်ထဲသွင်းထားတဲ့ Soonyoung ကသူတို့အနေအထားကို သတိမထားမိတာလား။ အဲ့နှစ်ယောက်ကို ကြည့်ပြီး စိတ်တွေပါကုန်လာသည်။ ရေချိုးခန်းထဲဝင်မိတာလေးကို အဲ့လောက်ဖြစ်နေတာ ပေးစားလိုက်ရ Choi Seungcheol မကောင်းရှိတော့မယ်။
အဲ့၂ယောက်ကို အခန်းထဲထားခဲ့ကာ Joshua ဆီ ဖုန်းခေါ်လိုက်သည်။ သူ Busan ကနေ ပြန်လာတာ တစ်ပတ်ပင်ရှိနေပြီဖြစ်သည်။ ထိုတစ်ပတ်အတွင်းကတော့ သူ့တိုက်ခန်းမှာ Jihoon နဲ့ Chan ထပ်ရောက်လာတာကလွဲလို့ ကျန်တာကပုံမှန်အတိုင်းပင်။ Jeonghan ကိုတော့ သူရှောင်နေခဲ့ပေမယ့် မထင်မှတ်ပဲ တစ်ကျောင်းလုံးဆိုင်ရာ အနုပညာပွဲမှာ နှစ်အလိုက် အဖွဲ့ခွဲပေးတော့ သူက Jeonghan , Joshua တို့နဲ့အတူကျသည်။
တတိယနှစ်မှာ အဖွဲ့၂ဖွဲ့သာရှိသည်။သူတို့သုံးယောက်တစ်ဖွဲ့နဲ့ Junhui ဆိုတဲ့တရုတ်ကောင်လေးရယ်၊ Minghao ဆိုတဲ့အတန်းကောင်စီဉက္ကဌရယ် ၊ ပြီးတော့ Kwon Soonyoung ရယ် သုံးယောက်တစ်ဖွဲ့ဖြစ်သည်။ အဖွဲ့လဲပေးဖို့ပြောပေမယ့် Joshua ကလုံးဝကို လက်မခံ၊ သူ့ကိုမရမကဆွဲခေါ်ထားတာမို့ ပြောင်းခွင့်မရှိလိုက်ပေ။ Yoon Jeonghan ကတော့ သူ့ကိုစကားမပြောပေမယ့် သီချင်းအတွက်တိုင်ပင်နေချိန်တိုင်းတွင် သူ့ကိုထိုင်ငေးနေတတ်သည်။ မသိချင်ယောင်ဆောင်နေရတဲ့ သူလည်းသိပ်ပင်ပန်းပါသည်။
YOU ARE READING
Everlasting
Fanfictionမြတ်နိုးရာရပ်ဝန်းငယ်လေးဟာ လှပလွန်းတာမို့ ရူးသွပ်ခဲ့ခြင်းတွေဟာ Choi Seungcheol ဆိုတဲ့လူသားရဲ့ အဘိဓာန်ထဲမှာ အစီအရီ....