မျက်လုံးလှလှလေးနီရဲနေအောင် ငိုနေတဲ့အလှလေးဟာ Cheol ရဲ့အခြေအနေကို သတိထားမိခြင်း မရှိနေ ။ခေါင်းလုံးလုံးလေးပေါ်ကျလာတဲ့ ပွတ်သပ်မှုကြောင့် မော့ကြည့်လေရှာတဲ့ မျက်ဝန်းနီနီလေးဟာ မယုံကြည်နိုင်ခြင်းတွေအပြည့်နဲ့ရယ်။ Cheol ဘက်ကလည်း
ခြောက်ကပ်နေတဲ့လည်ချောင်းကို လျစ်လျူရှုကာ စကားပြောကြည့်လိုက်တော့ အနည်းငယ်နာကျင်တာကလွဲလို့ အကုန်အဆင်ပြေပါတယ်လေ။" ကိုယ်မင်းကို အကြာကြီးမထားခဲ့နိုင်ပါဘူး အချစ်ရယ် "
လွမ်းနေတဲ့အသံသြသြကို ကြားရလေတော့ ပျော်ရွှင်ခြင်းတွေတိုးလာတာကြောင့် မျက်ရည်စတွေရစ်ဝိုင်းလာပြန်တယ်။ ဒါပေမဲ့ ထိုမျက်ရည်တွေကို Cheol ဟာကျဆင်းခွင့်မပေး၊ ခပ်ဖွဖွသုတ်ဖယ်ပေးလေတယ်။ Cheol ရဲ့အထိအတွေ့မှာ ငြိမ်နေမိရင်း သတိရမိသွားကာ ဆရာဝန်ခေါ်ဖို့ ပြေးထချင်ပေမယ့် Cheol က သူ့လက်ကိုဆွဲထားပြန်သည်။ အခုမှသတိရတဲ့လူဆိုတော့ အားမရှိပေမယ့် သူ့ကြောင့် Cheol နာကျင်မှာ မလိုလားတာကြောင့် ပြန်ထိုင်လိုက်ရင်း Jihoon ကိုဖုန်းဆက်ရသည်။
Jihoon ကတော့ Cheol အကြောင်းကို သိပြီးတာနဲ့ အကုန်လုံးကို အကြောင်းကြားကာ Cheongah hospital ကိုရောက်လာတယ်။ သူတို့လာမှ Cheol အတွက် ဆရာဝန်သွားခေါ်ရပြီး သူ့လက်လည်းအခုမှ လွတ်တော့သည်။ Cheol ဟာလေ ကလေးပျောက်သွားမှာ ကြောက်တဲ့သားသည်အမေကြီးကျနေရော၊ Hannie ကိုမျက်စိအောက်ကအပျောက်မခံ။ အခုထိတောင် Shua ကစကားပြောနေပေမယ့် Hannie ရှိရာကိုသာငေးနေမြဲ။ တစ်ခါတစ်လေတော့ Shua ပြောတာကို အာရုံစိုက်ကာ နားထောင်သည်။
အလုပ်ကိစ္စ နဲ့ သူတို့မိဘတွေကိစ္စကလွဲလို့ ကျန်တာကိုတော့ သိပ်ပြီးအာရုံထားပေးမနေတာကြောင့် Shua ကလည်းအမြင်ကပ်လာသည် ထင်ပါရဲ့၊ Cheol ပခုံးကိုတချက်ပုတ်ကာ သူ့ဆီကိုအာရုံပြန်လာအောင် လုပ်ပြီး တစ်ခုခုအရေးကြီးကိစ္စ ရှိရင်သူ့ကိုဖုန်းဆက်ဖို့ နဲ့ Seokmin ဆီသွားတော့မယ်ဆိုပြီး ခပ်နောက်နောက်လုပ်ကာ အပြင်ထွက်သွား၏။" မင်းကငါနဲ့သာ စကားပြောနေတာ အကြည့်တွေက Jeonghan ဆီပဲရောက်နေတာ၊ အရေးကြီးကိစ္စပေါ်လာရင် ငါ့ကိုဖုန်းဆက်လိုက်နော်။ အခုတော့မင်းပုံစံကြီးကို မမြင်ချင်တော့ဘူး ဟေ့ကောင် ငါ့အချစ်လေးဆီ လစ်ပြီ။
နောက်မှငါ့အချစ်လေးပါ ခေါ်ပြီးလာခဲ့မယ် "
YOU ARE READING
Everlasting
Fanfictionမြတ်နိုးရာရပ်ဝန်းငယ်လေးဟာ လှပလွန်းတာမို့ ရူးသွပ်ခဲ့ခြင်းတွေဟာ Choi Seungcheol ဆိုတဲ့လူသားရဲ့ အဘိဓာန်ထဲမှာ အစီအရီ....