Five

823 101 6
                                    

အတန်းချိန်တွေအကုန်ပြီးလို့ ညနေ၆နာရီထိုးသည့်တိုင် Cheol ရောက်မလာပါ။ Cheol မလာတော့ဘူးလား! သူ့ကိုကတိပေးထားရက်နဲ့ ကတိဖျက်တာလားဟု တွေးမိလေတိုင်း မျက်ဝန်းလှလှလေးမှာ ပုလဲဉဖြူဖြူလေးတွေ ကပ်ငြိလာလေ၏။
Uni ရှေ့မှာထိုင်ချလိုက်ပြီး ဒူးနှစ်ချောင်းထောင်ကာ ခေါင်းငုံလိုက်ခါမှ ကျဆင်းလာသော မျက်ရည်ဉလေးတွေဟာ အပြင်ကိုတစ်စက်ချင်း ခုန်ထွက်လာလေ၏။

အရှိန်အလွန်ပြင်းသောကားတစ်စီးရှေ့ကို မျက်စိရှေ့ကိုရောက်လာသည့်တိုင် ခေါင်းမော့ကြည့်နိုင်ခြင်းမရှိ။ ကားတံခါးကိုခပ်ကြမ်းကြမ်းပိတ်လိုက်သည့်သူဟာ သူ့ရှေ့ကိုရောက်သည်နှင့် ရင်ခွင်ထဲဆွဲသွင်းလိုက်သည်မို့ ရုတ်တရက်လန့်သွားပေမယ့် ရနေကျချယ်ရီရေမွှေးနံ့ကြောင့် ရင်ခွင်ထဲ၌ငိုလိုက်မိသည်။
သူတို့တွေလိုမျိုး ထားသွားပြီထင်ခဲ့တာ၊ Cheol ကရောက်လာတာပဲ။ ပိုတပ်မက်အောင်မလုပ်စမ်းပါနဲ့ Cheol ရယ်။

" တောင်းပန်ပါတယ် ကိုယ်ကိစ္စလေးရှိလို့ပါ "

" မ..မလာတော့ဘူးထင်နေတာ Cheol အကျင့်မကောင်းဘူး "

" ဟုတ်တယ် Cheol ကအကျင့်မကောင်းဘူးနော် Hannie ရဲ့မျက်နှာလှလှလေးကနီရဲနေပြီ မငိုပါနဲ့တော့ "

ရင်ခွင်ထဲကရှိုက်သံတစ်ချက် တစ်ချက်ထွက်လာတဲ့အလှလေးဟာ ၁၅မိနစ်လောက်သူ့ရင်ခွင်ငိုပြီးသည်နှင့် သူ့ကိုတွန်းထုတ်လာ၏။ သူ့ကိုနှာကစ်စရာတွေ ပေါ်လာပြီထင် ၊ မျက်စောင်းထိုးကာ ဆောင့်အောင့်ပြီးကားပေါ်တက်သွားလေရဲ့။ ချော့ပေတော့ Choi Seungcheol ရေ ၊ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။

Hannie အိမ်ရှေ့ရောက်သည့်တိုင် အလှလေးဟာသူ့ကိုလှည့်ကြည့်မလာ၊ စကား​စပြောလိုက်တိုင်းလည်း စကားစကိုဖြတ်ချသည်။ ခါးပတ်ကိုဖြုတ်ပြီး ကားတံခါးဆွဲဖွင့်ကာ ချက်ချင်းထွက်သွားသည့်အလှလေးအား အနောက်ကနေအမှီလိုက်ကာ ဖက်မိတော့ အတင်းအကျပ်ရုန်းလာ၏။

" ကိုယ်တောင်းပန်ပါတယ် တကယ်တောင်းပန်တာပါ ဘာလို့နောက်ကျသွားလဲရှင်းပြပါ့မယ်နော် "

လေသံအေးအေးနဲ့ချော့မြူပြီးပြောလာတော့ စိတ်ပြေသွားပုံရပါသည်။ ဖက်ထားရာမှလွှတ်ပေးလိုက်တော့ Cheol လက်ကိုဆွဲကာ အိမ်ထဲခေါ်သွားလိုက်သည်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ သူ့ရှေ့မတ်တပ်ရပ်ကာ မျက်နှာထားတင်းလိုက်ပြီး ဖြေရှင်းချက်တောင်းလာတဲ့ အလှလေးဟာကိုက်ဆွဲချင်စရာ။ Jeonghannie ကဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတာပါဆို။

EverlastingWhere stories live. Discover now