(Unicode)
"Boss ဒီနေ့အင်တာဗျူးရှိတယ်....."
"ဘာအင်တာဗျူးလဲ Jame ...."
"Boss အိမ်အတွက်လေ အလုပ်သမားအင်တာဗျူးပါ...."
"မလိုဘူး မင်းပဲဦးစီးပြီးလုပ်တော့ ...."
"ဒါပေမယ့်....."
အထွတ်တတ်လေ့မရှိသော Jameက အထွတ်တတ်လာသည်မို့ မျက်မှောင်ကျုံ့ ကြည့်လိုက်မိသည်။အချိန်တွေ တစ်အားအားယားနေတယ် ထင်သလားမသိ။စကားကို လိုရင်းတိုရှင်း မပြောဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတာ။
"ဒီလိုပါ ။ သေချာစီစစ်ပြီး ရွေးတဲ့အခါမှာ Boss ပေးထားတဲ့အချက်အလက်နဲ့ ကိုက်ညီတာက သုံးယောက်ပဲ ထွက်လာတယ်......"
"အဲ့ဒီတော့ ......"
"ကျွန်တော်က company မှာလဲ အသ်တာဗျူးရှိတာမို့ Bossအိမ်အတွက်ဆိုတော့လေ bossစိတ်ဆိုင်းကျ ရွေးလိုက်တာ ပိုမကောင်းဘူးလားလို့ ဟီး...."
"မင်းကမိန်းမမို့လို့လား နောက်ကနေ ဟီး ထည့်ရအောင် ။မြင်း ဟည်နေတဲ့အတိုင်းပဲ....."
တစ်ခြားလူကိုများ ပြောရမည်ဆိုလျှင် ပြောချပလိုက်တာ အားကြီးနဲ့။Jameဆိုသည့် သူသည်လည်း bossလောက်တော့ ခန့်ငြားခြင်းမရှိပေမယ့် ကိုယ့်ရူပါနှင့်ကိုယ်တော့ ရှိပြီးသားပင်။Bossလောက်နီးပါး ပျိုမဒီတွေ ဝိုင်းဝိုင်းမလည်ပေမယ့် အသင့်အတင့်သော သူ၏နံဘေးလည်း ဝိုင်းဝိုင်းလည်နေကြခြင်းပင်။
သူ့ကိုပြောချလိုက်တာ ဘာတဲ့ မြင်းဟည်နေတဲ့ ပုံစံနဲ့တဲ့။'မြင်းဟည်နေတဲ့ပုံစံ bossမြင်ဖူးတာလား 'လို့ ပြောလိုက်ချင်တာများ ပါးစပ်ကိုယားလို့။ကိုယ့်bossအကြောင်း ကိုယ်သိလို့သာ ပြောမထွက်ပဲ ငြိမ်နေတာ။
"ငါ့ကို စိတ်နဲ့ကျိန်ဆဲမနေနဲ့ အခုအင်တာဗျူးမယ့်လူတွေကို ငါ့အိမ်ကိုပဲလွှတ်လိုက်....."
"ဟုတ် ဟိုလေ boss....."
"ဘာလဲ...."
"ကျွန်တော်bossကို စိတ်နဲ့ကျိန်ဆဲသာ ဘယ်လိုသိတာလဲဟင် ....."
"ဒီ ခွေးကောင်ကတော့......"
ရုပ်ကြမ်းကြီးကိုမှ အားမနာ နောက်ဆုံးမှာဟင် ခနဲလုပ်လာသော Jameကို တွေ့တာနဲ့ကောက်ပေါက်လိုက်တော့ တစ်ချိုးထဲကို လစ်ရော။အဲ့လို စကားဆုံးရင် တဟင်ထဲဟင်နေလို့ Jackအောက်နေရတာ နည်းသေး။