*6*

4.4K 291 6
                                    

(Unicode)

Minနီးတူ ဒွိလိင်ရှိတယ်ဆိုတော့ သိသိခြင်း ဝမ်းသာသွားခဲ့ရသည်။ အဖော်ရပြီပေါ့ ။ဒါပေမယ့် နာမည်ကြားလိုက်ချိန်မှာတော့ ခုနကအပျော်ဟာ အောက်ကိုတစ်ရှိန်ထိုးကာ ဆင်းသွားသလို ပျောက်ပျက်လို့ သွားခဲ့ရသည်။

Kim Taehyung .ငယ်ရွယ်ချိန်က သူ၏ရင်ခုန်သံကို အပိုင်သိမ်းသွားခဲ့သော ကောင်လေး။မြတ်မြတ်နိုးနိုးကို ချစ်မိသွားတဲ့ကောင်လေး။သူ၏အချစ်တွေကို ဖွင့်ဟဝန်ခံခွင့်တောင်မရလိုက်တဲ့ သူ၏ငယ်ချစ်ဦးလေး။

"အဆင်ပြေရဲ့လား မောင်....."

နောက်ပါးကနေပုခုံးကို ဆုတ်ကိုင်ကာမေးလာသော Min.မောင် အဆင်မပြေဖူး Min.နာမည်လေးကြားလိုက်ရုံနဲ့တင် တည်ငြိမ် နေပြီဖြစ်တဲ့ မောင့်ရင်ခုန်သံတွေက ကမောက်ကမဖြစ်ကုန်တာ။

"မောင်အဆင်ပြေပါတယ် Min....."

သူ၏လက်ကို ဆုပ်ကိုင်ရင်း ပြောလာသော မောင်။အကြည့်တို့ကတော့ မီးရောင်တွေဖြင့်တောက်ပနေသော မြို့ပြဆီမှာသာ။

မောင် ညာတယ် ။အဆင်ပြေမနေဖူးဆိုတာ မောင့်မျက်ဝန်းမှာ သက်သေတည်နေတာကို မောင်ဟာညာတယ်။

Kim Taehyungဆိုတဲ့ကောင်လေးနဲ့ယှဥ်လိုက်ရင် မောင့်အတွက် သူဟာအမြဲတမ်းနောက်ဆုံးမှာ။မောင့်နှလုံးသားကို အရယူနိုင်တဲ့ kim taehyungကို မြင်ဖူးချင်စမ်းပါဘိ။

"Min အဆင်သင့်ဖြစ်ရင် မောင်တို့သွားကြစို့လေ....."

"မောင် အဆင်မပြေရင် Minတစ်ယောက်တည်းသွား...."

"သွားကြစို့ Min ....."

စကားတောင်ဆုံးအောင်နားမထောင်ဘဲ luggage ယူကာ ထွက်သွားသော မောင်။ မောင်အတွက် ငါဟာ အခုထိအရေးမပါသေးဖူးဘဲ။ ကျလုဆဲဆဲ မျက်ရည်ကိုမျက်တောင်ဖြင့် ပုတ်ခတ်ရင်း မောင့်နောက်သို့ အမြန်လိုက်ရသည်။

"ဟက် မင်းတို့လာတာ စောသားပဲ....."

ရောက်ရောက်ခြင်း ငါသိတယ်နော်ဆိုသောအထားဖြင့် ပြောလာသော Jungkook.ဂရုစိုက်မယ်ထင်နေလား Noပါ။သူ့အပြောကို ခေါင်းငြိမ့်ပြကာ ခပ်တည်တည်ပင်သူနှင့်မျက်နှာခြင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။လူကသာခပ်တည်တည်ဖြစ်နေပေမယ့် တွေ့ရတော့မယ်ဆိုတဲ့အသိက ရင်ခုန်သံကို ဝုန်းဒိုင်းကြဲစေသည်။

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now