*12*

4.2K 253 17
                                    

(Unicode)

"Daddy ရေ....."

"အွန်း ပြော..."

"Taetae လေးနဲ့လာအိပ်ပေးနော်......"

Jameဝယ်လာသော စတော်ဘယ်ရီကိတ်ကို အားရပါးရစားရင်းပြောလာသော ကောင်လေးကို ခေါင်းငြိမ့်ပြလိုက်သည်။ခုပုံစံက ကလေးလိုဖြစ်နေတော့ စားတာကလည်းကလေးလိုပင်မို့ ပါးစပ်မှာပေပွလို့။

မနေနိုင်သော ကိုယ်ကပဲ ကောင်လေးနှုတ်ခမ်းတစ်ဝိုက်ပေပွနေသော creamတွေကို တစ်သျှူးဖြင့် သုတ်ပေးရတော့သည်။Kim Taehyung နှင့်ကျမှာပဲ သူ့မှာ ကိုကို ဖြစ်နိုင် ယောက်ျားဖြစ်လိုက် ဖအေဖြစ်လိုက်နဲ့။တော်ပါသေးရဲ့ အဘိုးတွေဖြစ်မလာလို့။

"Taetaeက လူကြီးဖြစ်ပြီလေ Daddyနဲ့တူတူ မအိပ်ရတော့ဘူး......"

Yoongi မှ ကြားထဲက ဝင်ပြောလိုက်သည်။ကောင်လေးက လစဥ်လာနေကြဓမ္မတာ လာနေသည်မလား။ ဒီလိုအချိန်က ကောင်လေးတစ်ယောက်ထဲ အိပ်တာပိုအဆင်ပြေမည် ။

"နိုးနိုး taetaeက daddyနဲ့မအိပ်ရင် taetaeက နို့စို့လို့မရဘူးလေ......"

Taehyungစကားကြောင့် Yoongiတင်မက jungkookနှင့်Jameပါ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရသည်။

"Bossတော့ ကလေးမအေ ဘဝရောက်သွားပြီ ဟားဟား....."

"မင်း မြေအောက်ခန်းသွားချင်ရင် ရယ်တာခုချက်ရပ်....."

ချက်ခြင်းကို အရယ်ရပ်သွားသော Jame.

Bossကို သစ္စာဖောက်သူမှန်သမျှ  မြေအောက်ခန်းကိုပို့ပြီး Bossစိတ်ကြိုက် ငရဲခန်းက ဘယ်လောက်ထိကြောက်ဖို့ကောင်းကြောင်းကို လက်တွေ့ပြသော နေရာလည်းဖြစ်သည်။

Bossရဲ့Dark Sideကိုမြင်ဖူး ချင်ရင် မြေအောက်ခန်းကိုသာ လွှတ်ရမည်ဖြစ်သည်။သေချာတယ် Bossရဲ့ Dark sideကို မြင်ဖူးရင်တော့ သစ္စာဖောက်ဖို့ ဘယ်တော့မှ စိတ်ကူးရဲတော့မှာ မဟုတ်ဖူးဆိုတာ။

J groupရဲ့မျိုးဆက်လူတွေထဲမှာ bossဟာ အဆိုးဆုံးဆိုတာကို သံသယကင်းကင်းနဲ့သာ ယုံကြည်ကြပါ။နောက်တစ်ခု ပြောချင်တာက bossအပိုင်လို့ သတ်မှတ်ထားသမျှကို ထိဖို့မပြောနဲ့မျက်လုံးနဲ့တောင် စွေပြီးမကြည့်မိစေနဲ့။bossသာ မြင်လို့ကတော့ မင်းမျက်လုံးက အော်တိုပြုတ်ထွက်ပြီးသားပင် ဖြစ်သွားလိမ့်မည်။

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now