*10*

4.3K 260 18
                                    

(Unicode)

"ဘယ်သွားမလို့လဲ ကောင်လေး....."

"Jeon Jungkookကြီးကို banana milkသွားပို့မလို့လေ......"

ဖျော်ရည်ဗူးကို မြှောက်ပြရင်း ဆိုလာသောကောင်လေး။ ကောင်လေးစကားပြောတိုင်း လေးထောင့်အပြုံးလေးကတော့ မပါမဖြစ်ပေါ့။

"အတူတူသွားရအောင်လေ ......"

"အဆင်ပြေပါ့မလား....."

ခပ်ဆူဆူဗိုက်ကို မေးငေါ့ပြရင်းဆိုလာသော ကောင်လေး။မျက်ဝန်းတွေကလည်း စိုးရိမ်မှုအပြည့်။

"အိမ်ထဲနေရတာ ပျင်းလာလို့လေ ။လေကောင်းလေသန့်လေးရအောင် ထွက်ချင်တာ ...."

"ဟို အင်္ကျီပွပွလေးဝတ်ရင်တော့ မသိသာဖူးသိလား နှင်းခဲလေး......"

"ဟင် ဟုတ်လား....."

နှင်းခဲလေးအမေးကို ခေါင်းငြိမ့်ပြလိုက်သည်။သူ့စကားကြောင့် နှင်းခဲလေးကို ဝမ်းမနည်းစေချင်ပါ။

"ဒါမယ့် အင်္ကျီပွက မရှိဘူး......"

"ကျွန်တော့်ဆီမှာရှိတယ်......"

Yoongi လည်း ကောင်လေးနောက်ကနေပြီး အခန်းထဲလိုက်ဝင်ခဲ့လိုက်သည်။

"ဒါလေးက ကျွန်တော်မဝတ်ရသေးဘူး ။နှင်းခဲလေး ဝတ်လိုက်......"

"ဝတ်ပြီးသားပဲပေးပါ ကောင်လေးရဲ့....."

"ဘာမှမဖြစ်ဖူး ဝတ်လိုက်။ကျွန်တော်အပြင်မှာ စောင့်နေမယ်...."

ပြန်ပြောမယ်ရှိသေး ကောင်လေးက အခန်းထဲမှ အမြန်ပင် ပြေးထွက်လို့သွားလေသည်။အားနာနာနဲ့ပဲ ကောင်လေးပေးလာသော အဝါရောင်shirtပွပွလေးကို ဝတ်လိုက်တော့ ဗိုက်ကြီးသည်မှန်း မသိတာတော့ပေ။

တစ်ခုတော်သေးသည်က သူဟာဒွိလိင်သမားမို့ သာမာန်အမျိုးသမီးကိုယ်ဝန်သည်လိုမျိုး တအားကြီးဆူမနေပေ။၆လကျော် ဗိုက်လေးက ခုလိုShirtပွပွလေးဝတ်လိုက်တော့ မသိသာတော့သည်မို့ ရှေ့လျှောက်အင်္ကျီပွပွလေးတွေကိုသာ ဝတ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

"ပြီးပြီ ကောင်လေးသွားရအောင်....."

နှင်းခဲလေးအပြောကို ခေါင်းငြိမ့်ပြပြီး နှစ်ယောက်အတူတူ ထိုလူ့companyသို့ထွက်ခဲ့ကြသည်။တစ်ခုတော်သေးသည်က အပြင်သွားဖို့ သူတို့အတွက် ဒရိုင်ဘာထားထားခြင်းပင်။

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now