*25(End)*

4.8K 209 39
                                    

(Unicode)

ယောက်ျားတစ်ယောက်ရဲ့ ပထမဆုံးပျော်ရွှင်ရဆုံးအချိန်ကိုပြောပါဆို ကိုယ်ချစ်မြတ်နိုးရတဲ့သူကို ပိုင်ဆိုင်ခွင့်ရတဲ့အချိန်ပင်။

ဒါဆို ဒုတိယက ဘာလဲလို့မေးရင်တော့ ချစ်ရသူနဲ့က်ုယ့်ရဲ့သွေးသားလေး တည်ရှိနေပြီဆိုသော အချိန်ပင်။

နောက်တစ်ချက်ကိုပြောပါဆိုရင်တော့ ကိုယ်တို့ရဲ့သွေးသားလေး လူ့လောကတဲ့ရောက်လာတဲ့အချိန်က ဘာနဲ့မှနှိုင်းမရသော အချိန်ဖြစ်သည်။

"အူဝဲ......"

နားစည်ဝကို ရိုက်ခတ်လာတဲ့ ထိုအသံက အရာအားလုံးကို အပိုင်စားရစေသည်။ငါအဖေဖြစ်ပြီကွဆိုသော ဂုဏ်ပုဒ်တစ်ခုကို ထပ်တိုးပေါင်းစေသည်။

"ဂုဏ်ယူပါတယ် Mr.Jeon  သားနဲ့သမီး အမွှာလေးပါရှင့်..."

ဘာလေးလည်းဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားချင်လွန်းလို့ သူကောကလေးငယ်ကောက မရိုက်ဖြစ်ခဲ့ကြ။ခုတော့ သားတစ်ယောက်သမီးတစ်ယောက်တဲ့လား။ဒီထက်ပြည့်စုံလွန်းတာ ဘယ်မှာများရှိတော့မလဲ။

"ဟို ကျွန်တော်ချီလို့ရမလား....."

"ခုတော့ မရသေးပါဘူးရှင့် အထူးခန်းကိုပြောင်းရွေ့ပြီးမှသာ ချီပါ......"

nurseမလေးအပြောကို ခေါင်းအသွင်သွင်ငြိမ့်ပြလိုက်သည်။

"ကျွန်တော့်အမျိုးသားကော......."

"ကလေးကော လူကြီးပါ ကျန်းကျန်းမာမာပါပဲရှင့်......"

"ကျေးဇူးပါ။တစ်ကယ် ကျေးဇူးပါ......"

ကျေးဇူးအထပ်ထပ်ဆိုမိသည်အထိ သူ့ပျော်ရွှင်မှုတွေက ဖုံးမရ။

"ပါး ကျွန်တော်ကလေးအဖေဖြစ်ပြီဗျ......."

"ဂုဏ်ပြုပါတယ်ကွာ......"

ပါးကို ဝမ်းသာစွာပြေးဖက်မိသည်အထိ။ပျော်လွန်းလို့ ကျသောမျက်ရည်ကိုလည်း မဖယ်ရှားမိတော့။သူ လူ့လောကထဲရောက်လာသောအချိန်ကလည်း အဖေဟာ ခုလိုပျော်ရွှင်ခဲ့ဖူးသည်ထင်ပါရဲ့။

"ကျွန်တော်အူယားလွန်းလို့ ဘယ်လိုလုပ်ရမလဲ......"

မေ့ဆေးအရှိန်ဖြင့် မေ့မျှောနေသော ကလေးငယ်ရဲ့ဘေးက ပုခက်ကိုယ်ဆီထဲတွင်ရှိနေသော သားနှင့်သမီးကိုကြည့်ပြီး အူယားလွန်းလို့မထိရက်မကိုင်ရက်ပေ။

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now