*21*

3.7K 199 5
                                    

(Unicode)

"ပါး ကျွန်တော့်ကိုအကြောင်းပြချက်ပေးစရာမရှိဘူးလား....."

သူ၏နာမည်ခံဖြင့် အလုပ်လုပ်ရခြင်းအကြောင်းကို မေးနေခြင်း။ပါးဟာ သူမေးသည်ကို တစ်စက်ကလေးမှတောင် ဖွင့်ဟလာခြင်းမရှိခဲ့။ကလေးငယ် ခေါင်းကြောမာခြင်းသည် ပါးဆီမှ ဆင်းသက်လာပုံပင်။

"ကျွန်တော်ပြောတာကြားလား ပါး....."

ထပ်မေးသည်ကိုမှ ပါးမဖြေရင်တော့ သူ့နည်းလမ်းနဲ့သူ သိအောင်လုပ်ရုံအပြင်မရှိတော့ ။အဲ့ဒီအခါကျရင် ပါး စိတ်မဆိုးဖို့ကိုတော့ မျော်လင့်နိုင်ကောင်းပါရဲ့။

"Jungkookသား မှားနေပြီထင်တယ်။ Jအမည်ခံနဲ့ ပါး မှောင်ခိုအလုပ်တွေ လုပ်တာမှန်တယ်။ပါးလုပ်တာက ဘိန်းမှောင်ခိုလေ ။ လူကုန်ကူးမှု မဟုတ်ဘူး......"

ဒါဆို Jအမည်ခံနဲ့ တစ်ခြားအဖွဲ့ရှိသေးတာလား။

"ဘိန်းမှောင်ခိုတောင်မှ သားငယ်လေးကို ရှာဖို့ ပိုက်ဆံလိုလို့ လုပ်ရတာ။ခု သားငယ်ကို ရှာတွေ့ပြီဆိုတော့ ပါးရပ်တန့်ဖို့ ဆုံးဖြတ်ထားပြီးပြီ......"

မှောင်ခိုအလုပ်ဆိုတာ ဘယ်တော့မှ ရပ်တန့်လို့မရဘူးဆိုတာကို ပါး မသိသေးပုံ။အန္တရာယ်ကင်းကင်းနှင့် ရပ်တန့်ခွင့်ရရင်တော့ ပါးဟာ ကံအကောင်းဆုံးလူပင်။

"မှောင်ခို အလုပ်ဆိုတာ တစ်ခါလုပ်ဖူးရင် ဘယ်တော့မှ ရပ်တန့်လို့ မရတော့ဘူး ပါး။ ကလေးငယ်နဲ့ ပတ်သတ်ပြီး လုပ်ခဲ့တာမို့ အဲ့အလုပ်ကို ကျွန်တော်က လက်လွှဲယူပေးမယ်........."

"ဟင် မဟုတ်တာ......."

"ကလေးငယ်အတွက်မို့ အဆင်ပြေပါတယ် ပါး...."

"ကျေးဇူးပါ သား......"

ပါးကို ခေါင်းသာ ငြိမ့်ပြလိုက်သည်။သူ၏အမည်ခံနဲ့လုပ်တဲ့အဖွဲ့က သက်သက်ကိုရှိနေသေးသည်မို့ စုံစမ်းမှဖြစ်တော့မည်။မျိုးရိုးအစဉ်အဆက် နာမည်ပျက်မရှိခဲ့သည်မို့ သူ့လက်ထပ်တွင်လည်း လုံးဝနာမည်ပျက်မရှိစေရ။

သူ၏နာမည်အလွှဲသုံးစား လုပ်ရဲတဲ့သူကိုလည်း မချီးကျူးပဲမနေနိုင်။တော်ရုံသတ္တိမျိုးတော့ မဟုတ်တန်ရာ။ထို့အတူ အကောင်ကြီးကြီးထဲကပဲ သေချာပေါက် ဖြစ်နိုင်မည်။

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now