*24*

2.9K 137 15
                                    

(Unicode)

"ဟင် အနီကြီးနှစ်ကြောင်း......"

ဒါဆို ကိုကို့ကိုယ်ပွားလေးက သူ့ဗိုက်ထဲမှာ ရှိနေပြီပေါ့။ဆူသယောင်ရှိသော ဗိုက်ကို ခပ်ဖွဖွကိုင်ကာ ပြုံးမိလိုက်သည်။

"ပါပါးကဝမ်းမြောက်စွာနဲ့ကြိုဆိုပါတယ်နော် ကလေးလေးရေ....."

ဒီကိစ္စသာ ကိုကိုသိရင် ဘယ်လောက်တောင်များ ဝမ်းသာလိုက်မလဲ။ဟုတ်တယ် ကိုကို့ကို ပြောရမယ်။သူပြောလိုက်ရင် ဖြစ်သွားမယ့် ကိုကို့မျက်နှာကို မျက်ဝန်းထဲမြင်ယောင်ရင်း အပြုံးတွေက ဖုံးမရဖိမရတော့။

"ကိုကို့ဆီ သွားရမယ်......"

ဝတ်နေကျပုံစံလေးအတိုင်း ဂျင်းပွနှင့် အဝါရောင်shirtအပွလေးကို တွဲဖက်ဝတ်ဆင်လိုက်သည်။ဆံပင်ကို အပြာနုရောင်လေးဆိုးထားသည်မို့ နဖူးထက်ခပ်ဝဲဝဲလေး ပုံစွင်းလိုက်သည် ။ ဟိုနေ့က shoppingထွက်တုန်းက ကိုကိုဝယ်ပေးတဲ့ စိန်နားဆွဲရှည်လေးကို တစ်ဖက်သာ ပန်ဆင်လိုက်သည်။

ခေါင်းစခြေအဆုံး မှန်ကြည့်လိုက်တော့ အဆင်ပြေသွားသည်မို့ အောက်ထပ်သို့ ဆင်းလာလိုက်သည်။အောက်ထပ်ရောက်တော့ ဧည့်ခန်းတွင် တစ်ခါမှ မမြင်ဖူးသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ......"

"ကိုယ်လား jungkookနဲ့တွေ့ချင်လို့ပါ....."

"ကိုကိုက ဒီမှာမရှိဘူး။တွေ့ချင်တယ်ဆို companyသွားလိုက်ပါ....."

"ဪ ဟုတ်လား ။ကိုယ်က ဒီမှာရှိမယ်ထင်လို့ ဒီကိုပဲလာလိုက်တာ။ဒါနဲ့မင်းက......"

"Kim taehyungပါ။ကိုကို့ ကောင်လေးပါ....."

"ကိုယ့်နာမည်က ဂျောင်မင်ယော့ပါ ။Jungkookရဲ့ အချစ်ဆုံး သူငယ်ချင်းဆိုပါတော့ ...."

ဟက် အလှလေးက ဖန်သားပြင်မှာထက် အပြင်တွင် ပိုလှသည်။သူ ရူးသွားစေနိုင်သည်အထိကို အနှိုင်းမဲ့လှသည်။အပြင်မှာတွေ့လိုက်ရတော့ ပိုလို့တောင် အလှလေးကို ပိုင်ဆိုင်ချင်မိသွားသည်။

"ကျွန်တော်က ကိုကို့ဆီသွားမှာ ခင်ဗျားပါ တစ်ခါထဲလိုက်ခဲ့လိုက်လေ....."

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now