*11*

4.1K 268 23
                                    

(Unicode)

"Kim Taehyungအကြောင်းအကုန်သိချင်တယ် တစ်ခုမကျန်စုံစမ်းလာခဲ့......"

"ဘာဖြစ်လို့လဲ Boss. တစ်ခုခု မူမမှန်တာရှိလို့လား...."

ခေါင်းငြိမ့်ပြလာသော Boss.

"တောင်းပန်ပါတယ် boss ကျွန်တော်သေချာစစ်ပြီး ရွေးထားတဲ့ကြားမှ ခုလိုတွေဖြစ်လာလို့......"

"ဘာကို လာတောင်းပန်နေတာလဲ Jame...."

"Kim Taehyungက သူလျိုဖြစ်မယ်မှန်း မထင်ထားလို့ပါ ....."

Jungkook ကိုယ့်နဖူးကိုယ်သာ  ပြန်ရိုက်လိုက်တော့သည်။ သူလျိုထိကို တွေးချလိုက်တဲ့Jameရဲ့ ဦးနှောက်ကို ရွှေချပြစ်ဖို့ကောင်းသည်။

"မင်းကို ကောင်လေးက သူလျိုပါလို့ ငါပြောမိလား....."

"မပြောမိပါဘူး Boss . ဒါဆို စုံစမ်းခိုင်းရတဲ့ကိစ္စက....."

"ငါ့စိတ်ထင်ကောင်လေးက DID(Dissociative  Identity Disorder) များဖြစ်နေမလားလို့......"

"DID ?......"

(DIDဆိုတာ လူတစ်ယောက်ထဲမှာ စိတ်အများကြီး ၊ personalityတွေ အများကြီးရှိနေတာကို ဆိုလိုတာပါ။DIDလူတစ်ယောက်က တစ်ခြားလူတစ်ယောက်ဖြစ်သွားတဲ့အချိန်မှာ သူတို့ရဲ့မူလပုံစံကို သူတို့ကိုယ်တိုင်မသိတော့ပါဘူး။မူလပုံစံနဲ့လုံးဝကွဲပြားသွားတာမျိုးကို ဆိုလိုတာပါ။ဒီလောက်ဆို စာဖတ်သူတို့သဘောပေါက်ပြီလို့ထင်ပါတဲ့ရှင့်။DIDဖြစ်ရတဲ့အကြောင်းအရင်းကတော့ ငယ်ဘဝစိတ်ဒဏ်ရာက 90%ပါဝင်ပြီး ကျန်တာကတော့ ဦးနှောက်နဲ့ပတ်သတ်တဲ့ဒဏ်ရာမျိုးတွေပေါ့။တစ်ချို့ကျတော့လည်း  ကုထုံးတွေနဲ့ပျောက်သွားတတ်ကြပေမယ့် တစ်ချို့ကျတော့ ကြီးတဲ့ထိဖြစ်သွားတတ်ကြတယ်။တစ်နည်းအားဖြင့် DIDကို Childhood Trauma လို့လည်းပြောလို့ရတာပေါ့။)

ကောင်လေးရဲ့ငယ်ဘဝက DID ဖြစ်ရလောက်တဲ့အထိကို ဆိုးရွားခဲ့တာလား။

"Boss သိချင်ရင် ကောင်လေးရဲ့ဂေဟာကို သွားလိုက်ပါလား....."

"ဘာကိစ္စ ငါ ကိုယ်တိုင်သွားရမှာလဲ....."

"Boss ကောင်လေးကို သဘောကျနေတာမလား ...."

"အစေခံကို ငါက သဘောကျစရာလား......"

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now