(Unicode)
"Banana Milk ဖျော်ပြီး ငါ့အခန်းထဲယူလာခဲ့ Kim taehyung......"
ဒေါသတကြီးပြောကာ အပေါ်ထပ်တတ်သွားသော ထိုလူကြောင့် Taehyungမှာလည်း အမြန်ပင် ဖျော်ရတော့သည်။
"ဒေါက် ဒေါက်..."
"ဝင်ခဲ့....."
ဝင်ခွင့်ပြုသည်မို့ ထိုလူ့အခန်းဝင်လာခဲ့လိုက်တော့ တစ်ခန်းလုံးကိုအဖြူနှင့်အနက်သာ တွဲသုံးထားသည်မို့ အဖြူနှင့်အနက်ကို ဘယ်လောက်ထိကြိုက်မှန်း မမေးဘဲနဲ့တောင် သိနိုင်သည်။
"ရပါပြီ....."
သူကမ်းပေးလိုက်သော banana milkဖျော်ရည်ကို စိမ်ပြေနပြေထိုင်သောက်နေသော ထိုလူ။ ထိုလူကလည်း ထွက်သွားလို့မပြောသလို Taehyungလည်း မထွက်သွားဘဲ ထိုလူဖျော်ရည်သောက်နေခြင်းကို တစ်စိုက်မတ်မတ်ငေးကြည့်နေလိုက်သည်။
"ပို့ပြီးရင် ထွက်သွားသင့်ပြီမထင်ဘူးလား....."
"ဖန်ခွက်မပေးသေးဘူးလေ။ဘယ်လိုထွက်သွားရမှာလဲ......."
"မလိုဘူး ထွက်သွား....."
တံခါးဝကို လက်ညိုးထိုးကာ ထွက်သွားခိုင်းသော ထိုလူ။ဒေါသကြီးတိုင်းရုပ်ဆိုးကြေးဆို ထိုလူ့လောက်ရုပ်ဆိုးတဲ့လူ ကမ္ဘာပေါ်မှာရှိမည်မထင်။
"ခိုင်းစရာမရှိတော့ဘူးလား....."
"မရှိဘူးထွက်သွား....."
"မနက်အိပ်ယာနိုးရင်တော့ အဲ့ဖန်ခွက်တစ်ခါထဲ ယူဆင်းခဲ့နော်...."
မျက်မှောင်ကျုံ့ကြည့်လာသည်မို့ ထိုအခန်းမှ မပြေးရုံတမယ် ထွက်လာခဲ့လိုက်သည်။တစ်ခါထဲယူသွားမှာကို မယူသွားခိုင်းမှတော့ ထို့သို့ပြောရုံအပြင်မရှိ။Jameကလည်း မခေါ်ဘဲဝင်မသွားဖို့မှာထားသည်လေ။ပြီးတော့သူဌေးမို့ မခိုင်းရဖူးဆိုတဲ့ ဥပဒေလည်း ရှိမှမရှိတာ။သူဌေးလည်းအချိုးမပြေရင်တော့ ခိုင်းသင့်ခိုင်းရမှာပဲ။
"Jungkook နဲ့ဘာဖြစ်ခဲ့တာလဲ ကောင်လေး....."
Yoongiလည်းအခန်းထဲကအထွက် ကောင်လေးကလည်း မျက်နှာရှုံ့မဲ့ကာ jungkookအခန်းထဲမှ ထွက်လာခြင်းပင်။
"ဟီး ဘာဖြစ်ပါဘူး ။ဒါနဲ့ နှင်းခဲလေးက ဗိုက်ဆာလို့လား။ဘာစားချင်လဲ လုပ်ပေးမယ်....."