*22*

3.4K 195 22
                                    

(Unicode)

"ကိုကိုရေ ရှယ်လွမ်း ရှယ်လွမ်း......."

လေးထောင့်အပြုံး‌လေးနှင့် ပြေးဖက်ကာ ဆိုလာသော ကလေးငယ်။ကိုယ်သည်လည်း အရမ်းလွမ်းနေသည်မို့ တင်းကြပ်စွာ ဖက်ထားလိုက်သည်။

"ဘာစားပြီးပြီလဲ ......"

"Colaနဲ့ကြက်ကြော်စားထားတယ်......"

"ဒီနေ့ကိုယ်နဲ့ လိုက်ခဲ့မယ်မလား ။ကိုယ်တို့အိမ်ကို....."

"လိုက်မှာ ဟီး...."

ကိုကို ပြောတယ် ကိုယ်တို့အိမ်တဲ့ ။အား ဒီယောက်ျားကို ချစ်လွန်းလို့ ရူးတော့မှာပဲ။

"ဟီး ကိုကိုကော စားခဲ့ပြီလား......"

"စားခဲ့ပါပြီ ခင်ဗျ......."

"ဒါဆိုပါးတို့ကို နှုတ်ဆက်လိုက်အုံးမယ်......"

အိမ်ထဲအမြန်ပြေးဝင်သွားသော ကလေးနောက်သို့ သူပါလိုက်ခဲ့တော့သည်။ကလေးနှုတ်ဆက်တော့ ကိုယ်ပါနှုတ်ဆက်သင့်သည်မလား။

"ပါပါး ယောင်း ကိုကိုနဲ့ ပြန်လိုက်သွားတော့မယ်....."

"မနက်ဖြန်တော့ လာမယ်မလား သားငယ်......"

"လာမှာပေါ့ ပါးကလည်း ။ သားငယ်သွားတော့မှာမို့ သားငယ်ကို နမ်းပါအုံး......."

ပါးလေးဖောင်းပြလိုက်တော့ သဘောတကျ ဖောင်းနေသောပါးကို နမ်းလာသော ပါပါး။အကိုဖြစ်သူကိုလည်း ထိုနည်းတူလုပ်ပေးလ်ုက်တော့ ပျော်ရွှင်စွာ နမ်းလာလေရဲ့။

မားသာရှိသေးရင် မားသည်လည်း  ပါးတို့လိုမျိုးပျော်ရွှင်စွာ သူ့ပါးကို နမ်းနိုင်ကောင်းပါရဲ့။

"မနက်ဖြန် သားငယ် ငယ်ငယ်ကမှတ်တမ်းယူထားတဲ့ ဗီဒီယို စစ်စတာက လာယူဖို့ ဖုန်းဆက်တယ်......."

"ပါး တကယ်ပြောနေတာလား......"

သားမက်ဖြစ်သူမှာ ပျော်ရွှင်စွာမေးလာသည်မို့  ကင်ဆိုဂျွန်းမှာ ခေါင်းငြိမ့်ပြလိုက်သည်။

ကလေးငယ် ငယ်ငယ်က ပုံစံကို မြင်ဖူးချင်ပါသည်။သူ့အတွေးနဲ့ ထပ်တူကျနေမှာလားဆိုတာကိုလည်း လွန်စွာသိချင်လှပြီ။ မနက်ဖြန်ထိကိုလည်း မစောင့်နိုင်တော့။အခုသွားယူရင် ကောင်းမလား။မိုးလည်း မခိုပ်သေးဖူးဆိုတော့လေ။

အစေခံလေးကိုမှ ချစ်မိခြင်းWhere stories live. Discover now