Unicode
#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၁)"အမှတ်တရဆိုတာ ...
ငါကပဲမှတ်မိနေပြီး
ငါ့ရင်ထဲမှာ အနာတရဖြစ်နေတဲ့
ဒဏ်ရာတစ်ခုပါ...ချယ်ရီ......14 February 2017"
"ဟင်းးးးး"
ရက်စွဲရေးလို့အပြီးမှာသက်ပြင်းကိုဟင်းခနဲချမိသည်။ဘာလိုလိုနဲ့ ဒီရက်လေးကို ရောက်လာခဲ့ပြန်ပြီ...ချယ်ရီ...။
ရေးလက်စဒိုင်ယာရီစာအုပ်ကို ပိတ်ကာ
ပြတင်းပေါက်နားသို့လျှောက်လာခဲ့၏။
မှိုင်းညို့နေသော တောင်တန်းကြီးတွေကို
ဖြူလွှလွှမြူနှင်းတွေ ရစ်သိုင်းဖုံးအုပ်လို့နေ၏။ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
နင်ဘာတွေလုပ်နေမလဲ ငါမသိပါဘူး...
သေချာတာတော့ ငါတို့ ဒီကောင်းကင်ကြီး
အောက်မှာ ငါတို့တွေအတူတူရှင်သန်နေကြတယ်...
ဒီလိုတွေးတိုင်း သူ့စိတ်ထဲနွေးထွေးသွားသလို...
ဒီလောက်ပါပဲ...ချယ်ရီနှင့်ပတ်သတ်သည့်
လောဘက ထိုမျှလောက်သာ...။လေပြေဖျတ်ခနဲအတိုက်မှာ တစ်ကိုယ်လုံး
ခိုက်ခိုက်တုန်မတတ် ချမ်းစိမ့်သွားသည်။
အနွေးထည်အိတ်ထဲ လက်နှစ်ဖက်ထည့်ကာ
လေကိုအားရပါးရ ရှုရှိုက်လိုက်သည်။တောင်ပေါ်ဒေသမို့ ဒီရာသီဆို
အနွေးထည်ထူထူ အမြဲဝတ်ထားရသည်။
သို့သော်သူကတော့ တော်ရုံ အအေးလောက်နှင့် အနွေးထည်မဝတ်တတ်။ ထိုအအေးဒဏ်လောက်ကို သူခံနိုင်ရည်ရှိသည်။
အေးစိမ့်စိမ့်အရသာကို သူနှစ်သက်သည်။ထို့ကြောင့် အအေးပိုတဲ့ တောင်ပေါ်ဒေသတွေကို သူနှစ်သက်ခြင်းပင်။
သြော်...တောင်ပေါ်ဒေသကိုနှစ်သက်မိတာ ထိုအကြောင်းအရာတစ်ခုတည်းကြောင့်မဟုတ်။ချယ်ရီပန်းများတွေပွင့်လန်းရာမြေကို သူနှစ်သက်သည်။
ချယ်ရီပန်းတွေကို သူချစ်သည်။
ထို့အတူ......ချယ်ရီအမည်ရှိသော မိန်းကလေးတစ်ဦးကို သူချစ်သည်။ထပ် သေချာအောင်ပြောရရင်...
ကျွန်တော်...ချယ်ရီဆိုသည့် မိန်းကလေးတစ်ဦးကိုချစ်ခဲ့သည်။
အခုထိလည်း ချစ်နေဆဲပင်။နောက်လည်း
မင်းကို ချစ်နေမိအုန်းမှာပါ... ချယ်ရီ။
YOU ARE READING
ဒဏ်ရာရှိသော နေ့စွဲလေး (Completed)
Romanceဇော်...... 2018 February 14 တုန်းက ထွက်ခဲ့တဲ့ စာအုပ်လေးပါ 💛