Part 7

181 8 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၇)

မေမေရဲ့တစ်ချက်လွတ်အမိန်နှင့် သတိုးတို့အ်ိမ်သို့ ချယ်ရီပြောင်းနေခဲ့ရသည်။
ချယ်ရီကသာ ဖေဖေနဲ့မေမေကို ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေသော်လည်း
မေမေတို့က သူတို့ရည်ရွယ်ချက်နဲ့သူတို့မို့ ချယ်ရီကို ဝမ်းသာအားရတွန်းပို့ကြသည်။

အနေနီးရင် သံယောဇဉ်တွေဖြစ်သွားလိမ့်မယ်
အနေဝေးရင် သွေးအေးသွားလိမ့်မယ်
ဒီလိုမျိုးပဲ မေမေတို့စိတ်ထဲ တထစ်ချ တွေးထားပုံရသည်။

တကယ်တော့ သံယောဇဉ်ဆိုတာ နီးခြင်းဝေးခြင်းထက် ရင်ထဲမှာရှိတဲ့အတိမ်အနက်နဲ့ပဲ
ပိုသက်ဆိုင်သည်မဟုတ်လား။
အနေနီးလို့ သတိုးကို ချစ်မလာနိုင်သလို
အနေဝေးလို့လဲ ဇော်ကို မုန်းမသွားနိုင်ပါဘူး...

ဒါတွေ မေမေတို့ မသိကြဘူး...
ချယ်ရီခံစားချက်ထက် ဂုဏ်တွေငွေတွေကို ပိုဦးစားပေးကြသည်။

ချယ်ရီအိမ်ပြောင်းသည့်နေ့က သတိုးနှင့် သူ့အမေပါအဝင် တစ်အိမ်လုံးပျာပျာသလဲ ကြိုဆိုကြသည်။
ငွေကြေးပြည့်စုံသည့် အသိုင်းအဝိုင်းကမို့ နေဖို့ စားဖို့ ဘာမှ ပူစရာမလိုလောက်အောင် ပြင်ဆင် ထားကြသည်။

ချယ်ရီ...သူနေရမည့်အခန်းကိုဝေ့ဝဲကြည့်မိသည်။ကုတင် မွေ့ရာ မှန်တင်ခုံ စာကြည့်စားပွဲ ဗီဒို ဘာဆိုဘာမှလိုလေးသေးမရှိ နေချင်စဖွယ်ပြင်ဆင်ပေးထားသောကြောင့်
စိတ်ထဲလည်း အားနာနေမိ၏။

"သားက ပျော်နေတာ သမီးရေ...သမီးလာမယ်ဆိုကတည်းက အဲ့ဒီအခန်းကို ရှယ်လုပ်နေတာ"

"အားနာလိုက်တာ အန်တီရယ်...
သမီးအတွက် အဲ့လောက်မလိုပါဘူး
စာကျက်လို့ရရင် တော်ပါပြီ..."

"အမယ်လေး အန်တီဘာမှမစီစဉ်ရဘူးကွယ်
သားပဲ အကုန်စီစဉ်နေတာ...သူ့နတ်သမီးလေးနေမှာလို့ တဖွဖွ ပြောနေတာပဲ"

သူ့အမေကတော့ သတိုးကို စသလိုနှင့် ချယ်ရီသိအောင်တမင်ပြောပြနေ၏။

"ကဲ သမီးခဏနားအုန်း...ပြီးမှ ထမင်းစားဖို့
အန်တီလာခေါ်မယ်နော်"

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Donde viven las historias. Descúbrelo ahora