Part 4

195 8 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၄)

သင်္ချာတစ်ပုဒ်ကိုတွက်နေမိတာ အခေါက်အခါခါ။
အဖြေကိုမထွက်။ဒီပုစ္ဆာတွေဆိုတာ မေးခွန်းမြင်တာနဲ့ အဖြေတစ်ခါတည်း တန်းသိရလောက်အောင် ဖွတ်ဖွတ်ညက်ညက်
လေ့ကျင့်ပြီးသား။
အကုန်သိပြီးသား။သို့သော်အခု ဦးနှောက်က ဘယ်ဆို ဘာမှ အာရုံစိုက်လို့မရခဲ့။

တွက်နေသည့်စာရွက်ကိုစိတ်တိုတိုနဲ့လုံးချေပြီး လွှင့်ပစ်လိုက်သည်။စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဒေါသဖြစ်လို့မဆုံး။
သူက ကတိတည်တယ်တဲ့လား…
ဘာကတိတည်တာလဲ…
ကိုယ်ပေးထားတဲ့ကတိတောင်
သေချာမမှတ်ထားဘူးလား ဇော်ရယ်…
နင် ဘယ်နေရာရောက်ရောက် ငါ့ဆီပြန်လာပြီး ငါ့ကိုချောကလက်ကျွေးမှာပါဆို…
ငါအရမ်းကြိုက်တာ သိရက်နဲ့ ဘာလို့သူများ
ကျွေးပစ်လိုက်တာလဲ…

ဒါ အစားတစ်လုတ်နဲ့ ဒေါသဖြစ်နေတာမဟုတ်။
ကျန်တဲ့နေ့တွေမှာ ချောကလက်ဆိုတာ ရိုးရိုးစားစရာတစ်ခု။
ဒါပေမဲ့ Valentine day မှာ ချောကလက်က ဘယ်လို အဓိပ္ပာယ်ဖော်ဆောင်လဲ…
သူသိရမယ်…သူနားလည်ရမယ်လေ…။

ငါက လိုက်ရှင်းပြရမှာလား…ဇော်…
ဒါက နင်မသိလို့ ငါရှင်းပြလို့ရတဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်ဘူး…ဘာလို့ သူများစကားကိုယုံလဲ။
ငါ့မှာ ချောကလက်တွေ အများကြီးရှိတယ်တဲ့လား…။

င့ါမှာချောကလက်တွေ ဘယ်လောက်များများ ငါ့ဆီရောက်အောင် ပေးရမှာက နင့်တာဝန် နင့်စိတ်ကိုသိအောင်ပြောပြရမှာနင့်တာဝန်လေ…။

သောက်စရာဆေးတွေဘယ်လောက်များများ
ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေးပဲသောက်ကြတာ…
အဲ့လိုပဲ ငါ့မှာ ချောကလက်တွေ ဘယ်လောက်ပဲ များနေပါစေအုန်း…
ငါက နင်ပေးတဲ့ ချောကလက်ကို တန်ဖိုးထား
စားချင်တာ နင်မသိဘူးလား ဟာ…။

စာထဲအာရုံစိုက်လို့မရသည့်အဆုံးခေါင်းမြီးခြုံကာရင်ထဲခံစားရသမျှ အားရပါးရငိုပစ်လိုက်သည်။

မနက်ဖြန်ပြန်တော့မယ်တဲ့…
ဒါဆို ဒီနှစ်လည်း နင်ငါ့ကို မပြောပြန်ဘူးပေါ့…
လက်ကိုင်ပုဝါလေးနဲ့ ကျေနပ်တယ်တဲ့လား…။

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Donde viven las historias. Descúbrelo ahora