Part 8

182 10 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၈)

တစ်ညလုံးငိုထားသောကြောင့် နောက်နေ့မနက် ခေါင်းမထူနိုင်အောင်ကိုက်ခဲလို့နေ၏။
အဖျားသွေးပါ ရှိနေသည့်အခါ ကျောင်းမသွားနိုင်တော့။
သတိုးကလည်းချယ်ရီကျောင်းမသွား၍ သူလည်းမသွားဘဲ အနားမှာနေပြီးအနီးကပ်
စောင့်ရှောက်ပေးနေသည်။

"ကလေးကို ဘာလို့ရိုက်ရတာလဲ မမြင့်ရယ်...
ကျွန်မ အဲ့ဒါတွေ လုံးဝမကြိုက်ဘူး...သမီးက
အဲ့လောက်ဆိုးသွမ်းနေတာလဲ မဟုတ်ဘဲနဲ့
သူငယ်ချင်းကို သွားတွေ့တာနဲ့ အဲ့လောက်မရိုက်သင့်ဘူး..."

သတိုးအမေက အကြောင်းစုံမသိသူမို့ ချယ်ရီကို ကြည့်ပြီး မေမေ့ကိုအပြစ်တင်နေသည်။
မေမေကလည်း မျက်နှာမကောင်း။
သို့သော်ချယ်ရီကို စကားဟဟတောင်မပြောပေ။

"ငါပြန်တော့မယ်ချယ်ရီ...လိမ်လိမ်မာမာနေနော်...ငါခဏခဏလာကြည့်မှာမို့...မနေ့ကလို
အဖြစ်မျိုးထပ်ဖြစ်ရင် နင်နဲ့ငါနဲ့ သံယောဇဉ်အပြတ်ပဲ...ပြီးမှ ငါ့ကို အဆိုးမဆိုနဲ့..."

နှုတ်ဆက်စကားလိုလို ခြိမ်းခြောက်စကားလိုလို ပြောပြီး မေမေထွက်သွား၏။
ချယ်ရီ ငိုရင်း ကျန်ခဲ့ရပြန်သည်။

"အန်တီကစိတ်ဆိုးတုန်းပြောတာပါ...စိတ်မကောင်းဖြစ်မနေနဲ့တော့..."

ကုတင်ဘေးမှာ ထိုင်ကာ အားပေးစကားဆိုနေသော သတိုးကို မကျေမနပ်စိုက်ကြည့်လိုက်သည်။

"နင်တိုင်လိုက်တာ မဟုတ်လား သတိုး...
မဟုတ်ရင် မေမေ သိစရာ အကြောင်းမရှိဘူး"

"နင်ဘာလို့အဲ့လိုတွေးရတာလဲ...ချယ်ရီ...
ငါ့စိတ်ကအဲ့လောက်အောက်တန်းမကျဘူး ...ငါပြန်လာတော့ နင့်အမေရောက်နေတယ်...နင့်ကိုမေးတော့ သူငယ်ချင်းနဲ့သွားတွေ့တယ်ပဲ ပြောလိုက်တာ...
ညနေစောင်းလို့ နင်ပြန်မလာတာနဲ့ စိတ်ပူပြီး
လိုက်ရှာတာနဲ့ နင့်အမေ တွေ့သွားတာ..."

သတိုးပြောတာလည်း ယုတ္တိရှိသည်မို့ ဘယ်သူမှ အပြစ်တင်လို့မရဘဲ စိတ်တွေသာ
ညစ်နေမိသည်။

"အဲ့ဒါကြောင့် ငါစောင့်နေမယ်ပြောတာပေါ့
ငါနဲ့အတူပြန်ရင် နင်အဲ့လိုဖြစ်မှာမဟုတ်ဘူး"

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Tempat cerita menjadi hidup. Temukan sekarang