Unicode
#ဒဏ်ရာရှိသောနေ့စွဲလေး
#အပိုင်း(၂)စာမေးပွဲကြီးဖြေရန် ရက်ပေါင်း
(--)လိုပါတော့သည်ဆိုသည့် စာတန်း၏
ကွက်လပ်တွင် ဆရာက ၂၈ ရက်ဟု ဖြည့်စွက်လိုက်သည့်အခါ ကျောင်းသားများအားလုံး ဟာခနဲ ဟင်ခနဲဖြစ်သွားကြသည်။"ကဲ…မြင်တယ်နော်…
ဘယ်နှရက်လိုသေးလဲ""၂၈ရက်ပါ ဆရာ"
"အသံက အားမရှိဘူးဟေ့
အားရှိတဲ့အသံနဲ့အော်
တုံးတိုက်တိုက် ကျားကိုက်ကိုက်
ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့အော်…
လူငယ်ဆိုတာ တက်ကြွတဲ့ကြက်ဖကြီးလို
ဖြစ်နေရမှာ…မဟုတ်လား ကဲ အော်ပါအုန်း စာမေးပွဲဖြေဖို့ဘယ်နှရက်ကျန်သေးလဲ""နှစ်ဆယ့်ရှစ်ရက်ပါ ဆရာ"
ဆရာက ကျောက်သင်ပုန်းကို ပုတ်ကာ
အားနှင့်မာန်နှင့်မေးသလို တပည့်များကလည်းအားနှင့်မာန်နှင့် သံပြိုင်အော်ကြသည်။
ဒါကိုပဲ ဆရာက သဘောကျကာ တဟားဟားရယ်လို့နေသည်။"ဟာဟားး ပူနေပြီ ပူနေပြီ…ခေါင်းတွေပူ
ရင်တွေပူ ဖင်တွေပူ တစ်ကိုယ်လုံးပူနေကြပြီ
မဟုတ်လား"ဆရာ့စကားကြောင့် အားလုံးသဘောကျစွာ ရယ်မောကြသည်။
ဆယ်တန်းစာမေးပွဲအတွက်သင်ရိုးကုန်အောင်သင်ပြီး သည့်အပြင် မေးခွန်းဟောင်းများနှင့် စာမေးပွဲလည်း အကြိမ်ကြိမ်စစ်ပြီးပြီမို့ ဒီအချိန်မှာတော့ စိတ်ကို ပေါ့ပေါ့ပါးပါးထားဖို့ပဲ ဆရာများက လမ်းညွှန်ပေးနေ၏။"ဘာမှတွေးမပူပါနဲ့…
ကိုယ့်ဘဝ…ကိုယ့်ဇာတ်မှာ
ကိုယ်က မင်းသား ကိုယ်က မင်းသမီးလို့
သဘောထား…ဇာတ်လမ်းတွေထဲမှာ မင်းသား မင်းသမီးတွေကတော်တော်နဲ့မသေဘူးလေ…
ကားနဲ့တိုက်လည်းမသေဘူး…လူတွေရိုက်သတ်လည်း မသေဘူး…ကြည့်ဖူးလား အဲ့လိုကားမျိုး…ဂျက်လီတို့ ဂျက်ကီချန်းတို့
ဂျိမ်းဘွန်းတို့လို ကားမျိုးမှာလေ ကြည့်ဖူးလား""ကြည့်ဖူးပါတယ် ဆရာ"
"အေး အဲ့ဒါ ယုံကြည်မှုပဲ…ကိုယ်က မင်းသားတစ်ယောက်လို အခက်အခဲမှန်သမျှ
တိုက်ထုတ်နိုင်ရမယ်လို့ ယုံကြည်ထားရမယ်…ဒါမှ ပန်းဝင်မှာ…ဆယ်တန်းစာမေးပွဲဆိုတာ တိုက်ပွဲဝင်ဖို့ဝင်ခွင့်ဖြေတဲ့အဆင့်ပဲရှိတယ်
နောက်ထပ် တိုက်ထုတ်စရာတွေအများကြီးကျန်သေးတယ်
ဒါကြောင့် ငါလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ်အားတင်းထား…
အားပြည့်အာင်လည်းမွေးထား…ဟုတ်ပြီလား"

YOU ARE READING
ဒဏ်ရာရှိသော နေ့စွဲလေး (Completed)
Romanceဇော်...... 2018 February 14 တုန်းက ထွက်ခဲ့တဲ့ စာအုပ်လေးပါ 💛