Part 3

212 10 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၃)

သူအိမ်ပြန်ရောက်တော့ ဦးလေးက
ခါးထောက်လျှက် အနေထားနဲ့ အိမ်ရှေ့ထွက်ရပ်နေ၏။

"အဲ့ဒါ ဘယ်ကပြန်လာတာလဲ...ငါ...မင်းကို
အရိပ်လေးပဲတွေ့လိုက်ရတယ်...
အထုပ်တွေချပြီး ရေကြီးသုတ်ပျာ... ဘယ်ကိုသွားတာလဲ"

အိမ်ကို ရောက်တာနဲ့ အထုပ်တွေ ပစ်ချပြီး စက်ဘီးဆွဲယူကာ အပြေးထွက်လာတာကို ပြန်သတိရမိသည်။
သူဘာမှ ပြောချင်စိတ်မရှိ။
စက်ဘီးကို နေရာချပြီးသည်နှင့် ကြမ်းပြင်မှာ
စိတ်ရှိလက်ရှိ ပစ်လှဲအိပ်လိုက်သည်။

"သြော်...တော်တော်ပင်ပန်းလာတယ်ပေါ့..."

"ကျွန်တော်ခရီးပန်းလာလို့...ခဏအိပ်အုန်းမယ်"

"အေး မင်းဘယ်က ပြန်လာတာလဲလို့"

"ချယ်ရီဆီက"

သူ့အသံမှာ အားမရှိ။
ဟုတ်တယ် သူ့စိတ်မှာလည်း အားမရှိပေ။

အများကြီး မျှော်လင့်ခဲ့လို့များလား...
ဒီမြင်ကွင်းက ငါ့ကို အမောဆို့စေတာ အမှန်ပဲ ချယ်ရီရယ်...

နဖူးပေါ်လက်တင်ပြီး မျက်လုံးတွေစုံမှိတ်ပစ်လိုက်သည်။
ပန်းစည်းဖြူဖြူလေး...ပြီးတော့ ချယ်ရီနောက်မှာရပ်နေသည့်ကောင်လေး...ထိုကောင်လေးရဲ့ စက်ဘီးနောက် ပြေးလိုက်သွားသည့် ချယ်ရီပုံရိပ်
အားလုံး သူ့မျက်လုံးထဲ တဖျတ်ဖျတ်မြင်နေရသည်။

အဲ့ဒါတွေ ငါဘယ်လိုအဓိပ္ပာယ်ကောက်ရမှာလဲ ချယ်ရီ...
ငါဘယ်လိုမှအဓိပ္ပာယ်မကောက်တတ်တော့ဘူး
အသက်ရှူလိုက်တိုင်း ရင်ထဲစူးခနဲ နာကျင်နေ၏

"တူတွေရှိတာဘာမှအားမကိုးရဘူး...တစ်ခါတလေ ဦးလေးဆီလာတာ စကားလေးဘာလေးပြောမှပေါ့...ငါကတော့ သူလာလို့ ပျော်နေတာ
သူက သူငယ်ချင်းတွေလောက်တောင် ငါ့ကို
တန်ဖိုးမထားဘူး... သြော် ငါ့ဘဝ ငါ့ဘဝ
ဘာကြောင့်များ အဲ့လောက်သနားစရာ ကောင်းနေရတာလဲ မသိပါဘူးကွာ"

ဦးလေးက ဇော်ပါလာသည့် လက်ဆောင်ထုတ်တွေ ဖြည်ကြည့်ကာ တစ်ကိုယ်တည်း စကားတွေဆိုနေ၏။

မေမေ၏ တစ်ဦးတည်းမောင်ဖြစ်သူ ဦးကျော်က အိမ်ထောင်ကျပြီး သိပ်မကြာ မိန်းမဆုံးသွားလေရာ နောက်မိန်းမလည်း ထပ်မယူဘဲမိဘတွေချန်ခဲ့သည့်အိမ်မှာပဲ
တစ်ကိုယ်တည်း နေထိုင်လေသည်။

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Donde viven las historias. Descúbrelo ahora