Part 6

182 7 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၆)

#မင်းကိုလွမ်းဆွတ်ခြင်းနဲ့
ငါ့ရဲ့အိပ်စက်ခြင်းကို နေရာလဲလိုက်တယ်...
ဒီညရဲ့ ကောင်းကင်ယံမှာ...
မင်းအတွက်လင်းတဲ့ အချစ်ကြယ်လေးက
အတောက်ပဆုံးပဲ...

စာရေးလို့အပြီးမှာဒိုင်ယာရီစာအုပ်ကိုပိတ်ကာ အိမ်ပြတင်းပေါက်ကနေ ထိန်ထိန်သာနေသည့် လမင်းကြီးကို မော့ကြည့်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အိပ်မောကျ တိတ်ဆိတ်နေသည်။သူအိပ်လို့မပျော်သေးပေ။ လရောင်ကို ငေးကြည့်ရင်း သူ့ရင်ထဲက လမင်းလေးကို တမ်းတမ်းတတ လွမ်းဆွတ်လို့နေ၏။

ဒီနေ့နဲ့ဆို အိမ်ပြန်ရောက်ခဲ့တာနှစ်ပတ်ပြည့်ခဲ့ပြီ။
ချစ်သူကိုသတိရတိုင်း ကဗျာတွေစာရေးနေရုံတပါး၊ လမင်းကြီး တိုင်တည်ပြီး စကားတွေ ပြောနေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့။

လက်ကိုင်ပုဝါလေးကို ထုတ်ကြည့်မိပြန်သည်။
ခဏခဏထုတ်ကြည့်လွန်းတော့လည်း လက်ကိုင်ပုဝါလေးတောင် အရောင်ညစ်နေပြီဖြစ်သည်။

ချစ်တယ်ဟုရေးထားသည့်လက်ရေးဝိုင်းဝိုင်း
လေးတွေကို ကြည့်ရင်းပြုံးနေမိသည်။

ဒါဟာသူ့အတွက် အကြီးမားဆုံးသော ကံကောင်းခြင်းဆုလာဘ်လေးပင်။
ချစ်တာထက်ပိုတဲ့စကားလုံးတွေရှိရင် ပြောချင်ပါတယ်...ငါ့ရင်ထဲက ခံစားချက်တွေ
အကုန်လုံး အဲ့ဒီစကားလုံး နှစ်လုံးတည်းနဲ့
ပြောရတာ ဘယ်လိုမှ မလုံလောက်ဘူး...

စိတ်ချပါ...နင်နဲ့အမြန်နီးစပ်အောင် ကြိုးစားမယ်...ငါတို့တွေ ဘယ်တော့မှ ခွဲမနေရအောင် ကြိုးစားပါ့မယ် ချစ်သူရယ်...

မျက်ရည်စတွေနဲ့လက်ပြနှုတ်ဆက်ကျန်နေခဲ့သည့်ချစ်သူမျက်နှာကို မြင်ယောင်ရင်း စိတ်ထဲ အလိုလို ဝမ်းနည်းလို့လာ၏။

"ဟဲ့ ကောင်လေး မအိပ်သေးဘူးလား...ညည့်နက်နေပြီလေ...
ဘာထိုင်လုပ်နေတာလဲ မသိဘူး...အဟွတ် အဟွတ်..."

"အမေ ချောင်းတွေဆိုးနေတာလား..."

"ငါ ချောင်းဆိုးတာ အရေးမကြီးဘူး နင်ဘာလို့မအိပ်သေးတာလဲ...အိပ်တော့...
မနက်ကျ အစောကြီးထရမဲ့ဟာကို "

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Where stories live. Discover now