Part 11 (The end )

682 20 4
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၁၁)-ဇာတ်သိမ်းပိုင်း

"ဆရာ့ကား လာပြီဟေ့"

အသံနဲ့အတူ…အိမ်ထဲမှ ပြေးထွက်လာသော
လူတစ်ချို့။
သူ…တအံ့တသြနှင့်ကားပေါ်ကဆင်းလာချိန်တွင် ထိုလူတွေ သူ့ဆီသို့ အပြေးအလွှားလာနေကြ၏။

"ဆရာလာမယ်ဆိုလို့စောင့်နေတာ တော်တော်ကြာပြီ…ဆရာ
ကျွန်တော်က ဆရာရဲ့အမာခံ ပရိတ်သတ်ပါ
လက်မှတ်လေး ထိုးပေးပါအုန်း"

သူ့ကိုတွေ့သည်နှင့် ရေပက်မဝင်စပြောသော
စကားများ…။သူ့မှာ ဘာမှမပြောနိုင်ဘဲ ကြောင်အအ ငေးကြည့်နေမိသည်။

"ဟုတ်တယ်ဆရာသမီးရောပဲ…
ကိုယ့်မြို့နယ်မှာ ဒီလိုစာရေးဆရာမျိုး ရှိတာအရမ်းဂုဏ်ယူမိတာပဲ အားပေးနေပါတယ် ဆရာ"

သူ့ကို ထိုသို့ဝိုင်းရံပြီး တစ်ယောက်တစ်ပေါက် စကားတွေလာပြောကြသည့် အခါ စိတ်တွေကျဉ်းကျပ်လာမိသည်။ဒါကိုပဲ တိုးဝေက သဘောကျစွာ ရယ်မောလျှက်…

"ငါဖွထားတာ ဇော်…နင်လာမဲ့အကြောင်း
အော်တိုလည်းထိုးပေးမဲ့အကြောင်း…
အမှတ်တရ ဓာတ်ပုံ ရိုက်လို့ရတဲ့အကြောင်း…
ငါသတင်းဖျန့်ထားတာ…ဒါတောင် ဒီမြို့ပဲ ရှိသေးတယ်နော်…ကြည့်စမ်း…နင့်ပရိတ်သတ်တွေအများကြီးပဲ…ပျော်စရာကောင်းလိုက်တာ"

"ကျွတ်…မင်းကွာ…'

ဘာမှပြန်ပြောလို့မရသည့်အခါ စိတ်ပျက်လက်ပျက်ပဲ ညည်းညူလိုက်မိသည်။
ကိုယ့်ဝါသနာကို အားပေးနေသည့် ထမင်းရှင်
ပရိတ်သတ်ဖြစ်သည့်အပြင် ကိုယ့်မြို့ခံ လူငယ်လေးတွေမို့ အလိုက်သင့်ပဲ ပြန်ပြောနေရသည်။

"ကြည့်စမ်း…သူဇာ…
လူတစ်ယောက်ရဲ့ စန်းက
ဘယ်လောက်ကြောက်ဖို့ကောင်းလဲ…ငါတော့
ငါ့သူငယ်ချင်းကို အရမ်းဂုဏ်ယူမိတာပဲ"

တိုးဝေက ဝမ်းသာအားရပြောသော်လည်း သူဇာက သူ့ကိုမဲ့ကာရွဲ့ကာ ကြည့်နေ၏။

"နင့်ကိုအဲ့ဒါတွေ အမြင်ကတ်တာ သိလား
အလိုက်ကန်းဆိုးလည်း နားမလည်ဘူး
ဦးနှောက်မရှိဘူးလို့ပြောရင်လည်း
လက်မခံဘူး…တစ်ခါတလေမှ ဆုံရတာ
အေးအေးလူလူလေး ဆုံချင်တာပေါ့…
ဒါစာအုပ်မိတ်ဆက်ပွဲမှမဟုတ်ဘဲ…
တကယ်တည်း ကလေးသာဆို
ငါခေါက်လိုက်ချင်တယ်…"

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ