Part 5

189 9 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၅)

**နှလုံးသွေးနဲ့ ရေးခြစ်ခြင်း**

*သူက နင့်နဖူးကို ချွေးသုတ်နေတဲ့အချိန်
ငါ့ကဗျာက နင့်အတွက်
ရေအေးအေးတစ်ခွက် ဖြစ်ချင်မိတယ်…

*သူက နင့်နံဘေးမှာ ပြုံးပျော်နေချိန်
ငါ့ကဗျာလေး နင့်နှလုံးသားမှာ
ပျော်ဝင်စေချင်မိတယ်…

*သူက နင်ရဲ့သက်ဆိုင်သူ ဖြစ်သွားတဲ့အချိန်
ငါ့ကဗျာတွေ နင့်နှလုံးသားမှာ
နေရာ အခိုင်အမာ ရစေချင်မိတယ်

ဒါပေမဲ့လည်း ချစ်သူရယ်…
လူလူချင်း ဓားဓားချင်းသာ
ပြိုင်လိုက်ချင်ပါတယ်

*ကဗျာတစ်ပုဒ်က
အတွေ့တစ်ခုကို မယှဉ်နိုင်တဲ့အခါ
ကဗျာက ကဗျာ
အလွမ်းက အလွမ်း
အချစ်က အချစ်
နှလုံးသွေးနဲ့ရေးခြစ်ခဲ့သမျှ
အရာရာ သက်သက်စီဖြစ်နေခဲ့တယ်…#

ကဗျာရဲ့အဆုံးမှာရက်စွဲတွေဘာတွေ
မတပ်ချင်တော့။အခုဆို တစ်နေ့တစ်နေ့ သူရေးတဲ့ကဗျာတွေ စာတိုစာစတွေဒိုင်ယာရီထဲမှာပွစာကျဲနေသည်။အရူးတစ်ယောက်လို ဆောက်တည်ရာမရ ခံစားရတိုင်း ဒီဒိုင်ယာရီလေးကိုအဖော်ပြုပြီး ရင်ဖွင့်ခဲ့သည်။

ငါ ဘာလုပ်ရမလဲ…ဘာလုပ်ရမလဲ ချယ်ရီရယ်
အခုဆို နင်နဲ့ငါ တော်တော်ဝေးနေပြီ။
ငါက မြေပြင် နင်ကကောင်းကင်မှာလို
နေ့တိုင်းတော့ မျက်နှာချင်းဆိုင်တွေ့နေပါရဲ့။
ဒါပေမဲ့အရမ်းဝေးလွန်းတယ်လမင်းလေးရယ်…

စာမေးပွဲအောင်စာရင်းထွက်ပြီးနောက်နေ့ ပြန်တော့မည် ဟု သူ စိတ်ကူးထားသော်လည်း  မပြန်နိုင်သေး။
ထို့အတူ ချယ်ရီကိုလည်း သွားတွေ့ဖို့ မဝံ့မရဲ
ဖြစ်နေသည်မို့ စိတ်ထွက်ပေါက်ရအောင် စာတွေပဲ ရေးနေခဲ့သည်။

"စာရေးနေရုံနဲ့ မင်းစိတ်ကို သူမသိဘူးနော် ဟျောင့်"

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့မျိုးကိုက သူ့ပခုံးကို လာပုတ်ကာ ဆို၏။
နောက် သူ့ဒိုင်ယာရီစာအုပ်ကို ဆတ်ခနဲ ဆွဲယူကာ တစ်ရွက်ချင်းစီ လှန်ဖတ်နေသည်။

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Where stories live. Discover now