Part 10

191 11 0
                                    

Unicode

#ဒဏ်ရာရှိသော နေ့စွဲလေး
#အပိုင်း(၁၀)

နောက်နှစ်လအကျော်မှာတော့ မေမေဆုံးပါးသွားခဲ့သည်။
အနာဂတ်တစ်ခုလုံး ပြိန်းပြိန်းပျောက်နေ
သည့်ကာလတစ်ခုပင်။
ရေနည်းငါးဆိုတာ ဒါပဲထင်ပါရဲ့မေမေ…။
အခုဆို ဘယ်အရာကို အားကိုးတကြီး ရင်ဖွင့်
တိုင်ပင်ရမလဲ…ဘာပဲဖြစ်ဖြစ် အပြုံးနဲ့အားပေးမဲ့မေမေကရောဘယ်မှာလဲ…။ကျေးဇူးကျေအောင်မဆပ်ရသေးဘဲ မေမေ့ကို လက်လွှတ်ဆုံးရှုံးခဲ့ရတာ ရင်နာလို့မဆုံးပေ။
မေမေကတော့ သူ့သားသမီးတွေ ဗလာလူးအောင်ငိုကြွေးနေကြလည်း  မျက်လုံးစုံမှိတ် စိတ်ချသွားခဲ့ပြီ ဖြစ်သည်။

လူမမယ်လည်း မဟုတ် လူကြီးလည်းမဟုတ်သေးသည့် တိုးနဲ့မိုးက
မေမေကိုတဆာဆာအော်ပြီး သူ့ကိုဖက်ကာငိုသည်။

စိတ်ဓာတ်ရော အင်အားပါ ယိုင်နဲ့နဲ့ဖြစ်နေသော်လည်း ညီနဲ့ညီမ ဖက်တွယ်ထားသည့်အတွက် မာကျောချင်ယောင်ဆောင်ပေးရသည်။
အနည်းဆုံး အစ်ကိုရှိသေးတယ်ဆိုတဲ့စိတ်နဲ့
သူတို့ကို ခွန်အားရှိစေချင်သည်။
သူတို့လေးတွေက ကိုယ့်ထက်စာရင် အများကြီး နုနယ်သေးသည် မဟုတ်လား။

မေမေရက်လည်မှာတော့ ချယ်ရီကလွဲလို့ သူ့သူငယ်ချင်းတွေအားလုံး တစုတဝေးတည်း
ရောက်လာကြပြီး သူ့ကို နှစ်သိမ့်ကြသည်။
ဒီလိုအချိန်မှာ ချစ်သူရဲ့ လက်ကလေးဖြစ်ဖြစ် ဆုပ်ကိုင်ခွင့်ရချင်မိသည်။
ဒါကလည်း မတော်လောဘတစ်ခုရယ်ပါပဲ…။

"ဒီအချိန်မှာ ဒီစကားတော့မပြောချင်ဘူး သားကြီးရာ…ငါ့ကြောင့်မင်းတို့လွဲရတာဆို"

မျိုးကိုက ချယ်ရီရဲ့စာလေးကို ထုတ်ပေးရင်း
စို့စို့နင့်နင့် ဆို၏။
ထိုစာကို ဖွင့်ဖောက်ဖတ်ဖို့ သူ့မှာ အားမရှိတော့ပါ။စာလေးကို တုန်တုန်ရီရီ လှမ်းယူမိရင်းအံကြိတ်နေမိသည်။

"ငါလဲအဲ့ဒါပဲပြောနေတာဇော်…မျိုးကိုကလည်းလေ…သူ့ဆီမှာစာရောက်နေရင်လည်း ငါ့ကိုပြောပေါ့…ငါ သွားပေးလို့ရတာပဲကိုး"

မိဇာကလည်း တဗျစ်တောက်တောက်နှင့် စိတ်မကောင်းဖြစ်နေသည့်ပုံပင်။

ဒဏ်ရာရှိသော နေ့စွဲလေး (Completed)Where stories live. Discover now