Ep 10

4.6K 121 1
                                    


Uni

ယံနိုးလာတော့ တင်းကျပ်နေတဲ့ခံစားချက် သူညကအကြောင်းအရာတစ်ချို့ကိုပြောပြချင်လို့စောင့်နေခဲ့တာ ဒါပင်မဲ့ သူအိပ်ပျော်သွားတယ်ထင်တယ်။ ယံဟာဘယ်လောက်ပဲဘယ်နေရာရာမှာအိပ်ပျော်အိပ်ပျော် မနက်နိုးလာခဲ့ရင်ဒီလိုမျိုးတင်းကျပ်နေအောင်အဖက်ခံထားရသည်မှာနေ့ရက်တိုင်းလိုလိုပါပဲ။ အရင်ချိန်တွေမှာဆို ကိုယ်တိုင်ကရှက်လွန်း၍ ရုန်းထွက်ခဲ့ပင်မဲ့ ဒီတစ်ခါတော့ထိုကောင်လေးကိုဒီတိုင်းလေးမော့ကြည့်လိုက်မိတယ်။ မဝေးကွာလှတဲ့အကွာအဝေးကြောင့် ဒီကောင်လေးမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရကာ သေချာလေးစိုက်ကြည့်နေမိသည်။ အရင်ကဆို ဒီမျက်ခုံးတွေကို အမြဲလိုလိုကျုံ့ထား၍လားမသိ အခုလိုတန်းတန်းလေးက ဒီကောင်လေးနဲ့ပိုလိုက်သည်။ ယောကျာ်းဆန်တဲ့မျက်နှာအနေအထား နှာခေါင်ထိပ်နားလေးကမှဲ့နက်ကလေး အစိတ်အပိုင်းတစ်ခုစီတိုင်းကသူ့နေရာနဲ့သူရှိလို့နေပြီး အပြစ်ရယ်လို့ပြောစရာမရှိ အမြဲရန်လိုမုန်းတီးနေတဲ့ကောင်လေးက ဒီလိုအိပ်နေပြန်တော့လဲ အေးချမ်းရာအတိ။ မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုစီတိုင်းကိုတို့ထိမိနေရင်း နှုတ်ခမ်းနေရာအရောက် ယံကိုပထမဆုံးအတင်းအကြပ်နမ်းသည့်နေ့ကိုပြန်အမှက်ရမိတယ်။ ထို့နေ့ကယံဘဝရဲ့ပထမဆုံး အနမ်းပဲ ထိုအနမ်းကြောင့်ယံအိပ်လို့တောင်မပျော်ဖြစ်ခဲ့ရသည်မှာမလွဲပေ။

'မင်းကအရမ်းဆိုးတဲ့ကောင်လေးပဲ ငါ့ဘဝရဲ့ပထမဆုံးဆိုတဲ့အရာတွေကိုမင်းကပဲရယူခဲ့တယ် မင်းအထိအတွေ့တိုင်မှာမငြင်းဆန်နိုင်ခဲ့တဲ့ငါ့ကိုငါလဲအံ့ဪမိတယ် ခက်လိုက်တာကောင်လေးရာ'

ယံစိတ်ထဲကထိုစကားတွေကိုရေရွတ်လိုက်ပြီး ဖက်တွယ်ထားတဲ့လက်တို့ကိုဖယ်ခွာရင်း မနက်ခင်းတစ်ခုကိုစတင်လိုက်သည်။ ထိုချိန်အိပ်ယာထဲကကောင်လေးရဲ့စိတ်လိုလက်ရအပြုံးကိုတော့သူမြင်ခွင့်မရလိုက်ပေ။

မာန်နိုးနေတာမကြာသားဘူးဆိုပင်မဲ့ သူ့ရဲ့မျက်နှာကိုတို့ထိနေတဲ့လက်သေးသေးလေးတွေကြောင့် မာန်ဟာငြိမ်နေမိတာဖြစ်သည်။ အိပ်ယာနိုးလိုက်တိုင်းဘေးကအေးစက်နေတဲ့အိပ်ယာတို့သာရှိတဲ့နေ့စွဲတွေကနေ ဒီနေ့ကထူးဆန်းလို့နေသည်။ ထိုချိန်ညကဟန်သာပြောလိုက်သည့်စကားတွေက တစ်ရေးရေးပေါ်လို့လာတော့ မာန်စဉ်းစားစရာဖြစ်လို့သွားသည်။

Unrepentant lover (Completed)Where stories live. Discover now