Uni"ဒယ္ဒီကလဲ ကိုကို့ကိုဘာလို့ခေါ်လိုက်တာလဲ သက်သက်အလုပ်ပိုအောင်"
နေ့လည်လောက်ကျတော့ ကိုကိုကဒယ်ဒီနဲ့ဖုန်းပြောပြီးမကြာပါဘူးအိမ်ရောက်လာတယ်။ ယံအဆူးဆူးလို့ဒယ်ဒီကပြောလိုက်တယ်ထင်ပါရဲ့။
"ဒယ်ဒီမခေါ်ပါဘူးကွာ မင်းအကိုနဲ့စကားလေးစပ်မိလို့ပြောထွက်သွားတာ မင်းအကိုကိုကစိတ်ပူပြီးလိုက်လာတာ"
"ကိုကိုရယ် နှင်းဆီဆူးပိစိလေးဆူးသွားတာပါ ပလာစတာကပ်ထားလိုက်ရင်ပျောက်သွားမှာ ဟီး"
"ခင်ဗျားလေးကဆရာဝန်ထက်ပိုတက်နေပါလား ကိုယ်ကအားဆေးတွေလဲဒီနေ့လာပေးရမှာဆိုတော့ စောစောလာလိုက်တာပါ "
"ကဲ မင်းတို့ညီကို စကားပြောကြအုံး အန်ကယ်အပေါ်ခဏတက်လိုက်အုံးမယ် "
အန္ကယ္က ကျော်သက်လွင်ကိုနှုတ်ဆက်ကာ အပေါ်တက်သွားတော့တယ်။
"ကိုကိုဘာသောက်မလဲ ယံကော်ဖီသွား.."
"နေပါစေယံ ကိုယ်မသောက်တော့ဘူး ကိုယ်ယံကိုပြောစရာရှိလို့"
"ဟုတ် ဘာမြန်းလဲကိုကို"
ဒီစကားကိုကျော်သက်လွင်ပြောသင့်မပြောသင့်ဝေခွဲရခက်နေပြီး ယံလဲသိသင့်တယ်ထင်လို့ပြောပြလိုက်သည်။
"မာန် ဒီမနက်ပဲဆေးရုံတင်ထားရတယ် ယံ"
"ဟင်...."
"စိုးရိမ်စရာတော့မရှိတော့ပင်မဲ့ အဲ့ကောင်တဂယ်ပေတယ် အရက်တွေပဲသောက်ပြီးအစာလဲမစားဘူး ပြီးတော့ညကခြံထဲမှာတညလုံးအိပ်ပုံရတယ် တော်သေးတာပေါ့ ဟန်သာအရောက်မြန်လို့နောက်မို့ဆိုအအေးပက်ပြီးသေတယ် ဟူး ဒီကောင်ကိုတစ်ယောက်ထဲထားလို့မဖြစ်ပါဘူး"
"ဒါတွေဘာလို့ယံကိုလာပြောနေတာလဲ ကိုကို ယံသူ့အကြောင်းမသိချင်ဘူး"
ကိုကိုပထမစကားမှာတင်ယံရင်ထဲထိပ်ခနဲဖြစ်သွားပင်မဲ့ ဘားမှမဖြစ်သလိုဟန်ဆောင်လိုက်တယ်။ ဒါကြောင့်သူမနက်ကအဆူးဆူးတော့ စိတ်တွေလေးနေတာကို။ ကျော်သက်လွင် ယံမျက်နှာပေါ်စိုးရိမ်စိတ်တွေရှိနေပင်မဲ့ ဘားမဖြစ်မဖြစ်သလိုဟန်ဆောင်နေတယ်ဆိုတာရိပ်မိတယ်။ တဂယ်ပဲကလေးတွေကကိုယ့်ကိုကိုယ်အပင်းပန်းခံနေကြတာပဲ။
YOU ARE READING
Unrepentant lover (Completed)
Acciónအကို့အတွက်ကလဲ့စားချေဖို့ဆိုပြီး အတင်းရအောင်ယူလိုက်ပင်မဲ့ တဂယ္ခ်စ္မိသြားတဲ့အခါ....