Ep 3

4.5K 105 1
                                    

Uni

ဆိုင်ကယ်လေးတစ်စီးဟာ လမ်းမထက်မှာပြေလွှားနေရင်း လိုရာခရီးကိုသွားနေလေသည်။ ဆိုင်ကယ်မောင်နေသူကောင်လေးမှာလဲ အရှိန်ကိုမြင့်သထက်မြင့်လေ အနောက်ကကောင်လေးမှာလဲ လက်တို့က တဖြေးဖြေးခါးကိုတင်းကျပ်စွာတိုးဖက်လို့နေတော့သည်။

အရှေ့ကကောင်လေးရဲ့အပြုံးတွေဟာ ပေါသီနေပင်မဲ့ နောက်ကကောင်လေးကတော့ ဘားမှမမြင်နိုင် မျက်လုံးများစုံမှိတ်ကာ ရှိသမျှဘုရားစာတွေကို ရွတ်နေလေတော့၏။

အနောက်လူပိစိကြောင့် မာန်မှာမပြုံးပဲမနေနိုင် တဂယ်ကြောက်တက်တာပဲ 'ခဗျားရဲ့အားနည်းချက်တွေကိုကျုပ်ရှေ့မှာ ထုပ်ပြမိတာက ခဗျားရဲ့အမှားပဲ ကာယံမြင့်မိုရ်ဦးရေ

"ရောက်ပြီ....ကျုပ်ကိုဖက်ထားတာလွှတ်တော့"

ယံ သူ့အသံကြားမှမျက်လုံးဖွင့်ကြည့်တော့ တဂယ်ယံအိမ်ရှေ့တောင်ရောက်နေပြီ သူကိုလိပ်စာမပြောပါပဲဒီသူကဘယ်လိုသိနေတာလဲ။ တစ်လမ်းလုံးယံမှာစကားမပြောနိုင် ဆိုင်ကယ်ကိုလူလိုမမောင်းတဲ့ဒီကောင်ကြောင့် ယံမှာပြုတ်ကျမှာဆိုးလို့ ကိုင်ထားကိုသူ့ကိုဖက်ထားတယ်ပဲရှိရသေးတယ်။ ယံလဲအိမ်ရှေ့ရောက်ပြီဆိုတော့ဆင်းလိုက်ပြီး သူ့အိကျႌကိုချွတ်ပေးဖို့လုပ်တော့...

"မချွတ်နဲ့ နောက်နေ့မှလျှော်ပြီးပေးတော့ ခဗျားဝတ်ထားတဲ့တိုင်းပြန်မဝတ်ချင်ဘူး"

"သေဘာပဲ ဒါနဲ့ကျေးဇူးပဲ"

"ကျစ်.....ကျေးဇူးတင်စကားကတင်စီးလှချီလား"

"ငါအဲ့လိုပဲပြောတက်တယ်"

ထိုသို့ပြောပြီး လှည့်ထွက်သွားတဲ့လူကို မာန်ဆိုင်ကယ်ပေါ်ကနေလက်ကိုလှမ်းဆွဲလိုက်တော့ သူဘက်ပြန်လှည့်ပါလာတဲ့ ခန္တာကိုယ်လေးကိုလက်နောက်တစ်ဖက်နဲ့ခါးကနေထိန်းပြီး ဘာကြောင့်ရဲနေမှန်းမသိတဲ့နှုတ်ခမ်းတို့ကို ထိကပ်နမ်းပြစ်လိုက်သည်။

အွန့်.......အု......ပြွစ်

"ဖယ်...မင်းဘာလုပ်တာလဲ"

"အရမ်းရိုင်းနေတဲ့ခင်ဗျားကို ယဉ်ကျေးအောင်သင်ပေးတာလေ သွားပြီ"

Unrepentant lover (Completed)Where stories live. Discover now