Uni
"ယံ ဘားမှမစိုးရိမ်နဲ့နော် အဆင်ပြေမှာပါ"
ကိုကိုကယံကို မစိုးရိမ်ဖို့ပြောကာ လက်ကိုစုပ်ကိုင်ထားလေသည်။ ယံဒီနေ့ဆေးလာစစ်တာသုံးခါမြောက် ပထမတစ်ခါမောင်နဲ့ဆက်ဆံပြီးတစ်လအကြာလာစစ်ဆေးတော့ မျိုးမအောင်သေးဘူးဆိုတာကြောင့် ယံဝမ်းနည်းရသည်။ ဆရာဝန်တွေကတော့အားပေးကာနောက်တစ်ခါကြိုးစားခိုင်းသည်။ ယံဒုတိယအကြိမ်ကြိုးစားတော့လဲ မအောင်မြင်ခဲ့ ယံဝမ်းနည်းလဲနည်းရသလိုစိတ်ဓာတ်လဲကျမိတယ်။ ဆရာဝန်တွေကသုံးခါအထိစမ်းသက်ဖို့ပြောတော့ ယံအခုနောက်ဆုံးအကြိမ်လာစစ်ဆေးတာပင် ယံဆေးစစ်ပြီးတော့အခုရင်ထဲတစ်ထိပ်ထိပ်ဖြစ်နေသည်။ ဒီတစ်ကြိမ်မှမအောင်မြင်ခဲ့ရင် ယံမောင့်တွက်လုပ်ပေးခဲ့တာတွေကအလကားဖြစ်တော့မည်။
"ကာယံမြင့်မိုရ်ဦးရဲ့ ဆေးစစ်ချက်ရပါပြီ ဒေါက်တာကအထဲဝင်ခဲ့ဖို့မှာလိုက်ပါတယ်"
သူနာပြုမလေးရဲ့စကားကြောင့်ယံနှလုံးခုန်တွေကမြန်သထက်မြန်လာသလို မျက်ရည်တို့ကဝေ့သီးလာသည်။ ဘေးကကိုကို့ကိုကြည့်လိုက်တော့ ကိိုကိုကခေါင်းငြိမ့်ပြကာ ယံလက်ကလေးကိုတင်းတင်းကျပ်ကျပ်စုပ်ကိုင်ပေးထားသည်။
"ဝင်ရအောင်ယံ...."
"ထိုင်ကြပါအုံး...ဆေးစစ်ချက်ကအကုန်ကောင်းပါတယ် ဒီမှာစာရွက်တွေပါ"
ဒေါက်တာကဝင်လာတဲ့ယံတို့နှစ်ယောက်လုံးကိုအပြုံးလေးနဲ့ကြိုကာ ထိုင်စေပြီး စာရွက်တွေထိုးပေးတာကြောင့် ကိုကိုကလှမ်းယူကာသေချာစစ်နေသည်။
"Congratulations ပါ "
"ဟမ်.....ဟမ်"
ဒေါက်တာကထိုသို့ပြောပြီးစာအိတ်တစ်ခုကိုထက်ထုပ်ပေးကာ ယံလက်ထဲထက်ထည့်ပေးလေသည်။ ဒေါက်တာစကားကြောင့် ကိုကိုယော ယံပါ အံ့ဪသွားပြီး စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ စာရွက်တစ်ရွက်နဲ့ဓာတ်ပုံပုံစံကဒ်ပလေးတစ်ကဒ်။
"ကိုကို....ဒီမှာကြည့်ပါအုံး ဒါ တဂယ် တဂယ်ပဲလား"
"အင်း....တဂယ်ယံမှာကိုယ်ဝန်ရှိနေတာ"
ယံထိုပုံလေးကိုလက်ကကိုင်ရင်း မျက်ရည်တို့ကဝဲတက်လာကာ ပျော်မပြတက်အောက်ပျော်လို့နေသည်။
YOU ARE READING
Unrepentant lover (Completed)
Actionအကို့အတွက်ကလဲ့စားချေဖို့ဆိုပြီး အတင်းရအောင်ယူလိုက်ပင်မဲ့ တဂယ္ခ်စ္မိသြားတဲ့အခါ....