The End

6.2K 125 2
                                    

Uni

ကလင်......ကလင်......ကလင်

ယံတစ်ယောက် မီးဖိုချောင်ထဲဟင်းချက်နေရင်းက ဧည့်ခန်းထဲဖုန်းမြည်သံကြားတော့ မီးခလုပ်ပိတ်ပြီး အမြန်ပြေးကိုင်တော့

"Hello.......ဟုတ်ကဲ့အမိန့်ရှိပါ"

"ဟုတ်ပါတယ် အခုပြောနေတာကျွန်တော်ပါ"

"ဗ်ာ.....ကျွန်တော်ခုချက်ချင်းလာခဲ့ပါမယ်ဆရာမ ခဏလောက်စောင့်ပေးပါနော်"

ယံဖုန်းကိုချလိုက်ပြီး ကားသော့အမြန်ဆွဲကာ သားတို့ကျောင်းကိုထွက်လာခဲ့တယ်။ ခုနကဖုန်းက သားတို့ကျောင်းကဖြစ်ပြီး အမွှာနှစ်ယောက်ကလေးချင်းရန်ဖြစ်လို့ဆိုကာ ယံမှာပြာပြာသလဲဖြစ်သွားတယ်။

ယံကားကိုဂရုစိုက်မောင်းရင်း ကျောင်းရှေ့ရောက်လာတော့ မောင့်ကတိုက်တိုက်ဆိုင်ဆိုင်ကြီးဝင်လာသည်။

"hello....မောင့်အချစ်"

ဖုန်းတစ်ဖက်ကထွက်ပေါ်လာတဲ့မောင့်အသံက နားထဲချိုသာနေပင်မဲ့ ယံစိတ်ထဲတော့သားတွေရဲ့အပူမီးသာရှိနေကာ အလွန်ချိုသာနေတဲ့မောင့်အသံကိုပိတ်အော်လိုက်တော့သည်။

"မောင့်အချစ်လုပ်နေနဲ့ မင်းသားနှစ်ယောက်ရန်ဖြစ်လို့တဲ့ ငါအခုကျောင်းရောက်နေတယ် မင်းအားနေရင်လဲလိုက်လာခဲ့ ဒါပဲ"

မောင့်ဘက်ကစကားကိုမစောင့်တော့ပဲ ဖုန်းချပြစ်လိုက်ကာ ကားပေါ်ကဆင်းပြီးတာဝန်ရှိကျောင်းရုံးခန်းကိုအမြန်သွားလိုက်သည်။

ယံအခန်းရှေ့ရောက်တာနဲ့တံခါးဆွဲဖွင့်ဝင်လိုက်တော့ ခေါင်းမှာပက်တီးစီးထားတဲ့ကလေးက သူ့မိဘဖြစ်ဟန်တူတဲ့ အမျိုးသမီးရဲ့ပေါင်ပေါ်မျက်နှာငယ်နဲ့ထိုင်နေကာ သူတို့ရဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ယံသားနှစ်ယောက်မှာ သားကြီးလေးက ငိုမဲ့မဲ့နဲ့ မျက်ရည်တွေဝိုင်းနေပြီး ကြောက်နေဟန်တူပါရဲ့ သားငယ်မှာတော့ ခပ်တည်တည်ဖြင့်ထိုင်ကာ သူ့ရှေ့ကအမျိုးသမီးကိုတောင် မျက်မှောင်ကျုတ်ခါကြည့်နေသေးသည်။

"အမွှာလေးတို့ အဖေတောင်ရောက်လာပြီပဲ ထိုင်ပါအုံးရှင့်"

ဆရာမကြီးက ဦးကြိုကာ ပြောလာသည်မို့ ယံသားတွေဘေးကပ်ထိုင်လိုက်သည်။

Unrepentant lover (Completed)Where stories live. Discover now