Ep 2

5.2K 119 4
                                    

Uni
"ယံ ကိုယ်တောင်းပန်ပါတယ် ကိုယ်ခွဲခန်းဝင်နေရလို့ ယံဖုန်းခေါ်တာမသိလိုက်ဘူး"

"ထားလိုက်ပါ ယံက ကိုကိုလူနာတွေလောက်မှအရေးမကြီးတာ"

"အဲ့လိုမဟုက်ပါဘူး ယံရယ် ယံကသာကိုယ့်ဘဝရဲ့အရေးကြီးဆုံးလေးပါ"

"တော်ပါ....ကိုကိုသာလာကြိုခဲ့ရင် ယံဒီလိုဖြစ်မှာမဟုက်ဘူး"

ကျော်သက်လွင် ယံဖုန်းခေါ်ထားတာမြင်တော့ ပြန်ခေါ်ပင်မဲ့ယံကစစခေါ်ချင်းမကိုင် နောက်မှကိုင်လေကာ သူထင်တဲ့အတိုင်းပင်ယံကစိတ်ကောက်နေတာမို့ ချော့ရပြန်သည်။

"ယံ.....ယံ......ယံကိုယ်မေးနေတယ်လေ ဘယ်သူနဲ့ဘာဖြစ်လာလို့လဲ"

"ဟင်.....မဟုက်ပါဘူး ကားသမားတစ်ယောက်ပါ ယံကကားကို ဖြေးဖြေးချင်းမောင်းနေလို့ပြောသွားတာ အဲ့ဒါကိုကိုကြောင့်"

ယံလိမ်လိုက်မိသည်။ ဘာလို့လဲဆို ဒီကိစ္စတွေကိုကိုသိရင်ဒေါသထွက်ရလိမ့်မယ်။ မတော်လို့ဟိုကောင်နဲ့ကိုကိုပြဿနာဖြစ်ရင် ကိိုကိုသာဂုဏ်သိက္ခာကျလိမ့်မယ်မဟုက်လား။

"ဟုက်ပါပြီဗျ ကိုယ့်အမှားပါ ဒါကြောင့် မနက်ဖြန် ကိုယ်လာကြိုမယ် လမ်းမှာပဲ မနက်စာတူတူစားကြမယ်လေ"

"သနားလို့လက်ခံလိုက်မယ် အပြစ်လုပ်ထားပြီးလူကိုယ်တိုင်လာမချော့တဲ့အတွက်မနက်ဖြန်မှထက်စိတ်ကောက်မယ်"

"ဟ...ဟ...ဟုက်ပါပြီ မနက်ဖြန်ကိုယ်သေသေချာချာလေး ယံစိတ်ကောက်ပြေတဲ့ထိချော့ပါ့မယ်ဗျ"

"ပြီးယော ယံအိပ်တော့မယ် good night koko"

"good night ယံ"

ဖုန်းကျသွားတာနဲ့ ယံမျက်လုံးမှိတ်ကာအိပ်ယာဝင်ပင်မဲ့ အိပ်လို့မရ မျက်လုံးထဲ နေ့လည်ကကိစ္စပဲပေါ်ပေါ်နေတာကြောင့် စိတ်ရှုတ်ဒေါသထွက်ကာ ယံကိုယ်ယံသတိမထားမိပါပဲ ခေါင်းအုံးကိုသာ ထုရိုက်နေမိတော့တယ်။

နောက်တစ်နေ့မနက်ရောက်သော်.......

"သားငယ် မနက်စာစားသွားအုံးလေ ဒါကဘယ်သွားအုန်းမှာလဲ"

ဒေါ်တင်မေထူး မိုးလင်းတာနဲ့ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားဖို့အပြင်ထွက်မဲ့သားကိုလှမ်းအော်လိုက်တော့ရှေ့ဆက်မသွားပဲ သူမတို့ရှိတဲ့ထမင်းစားခန်းသို့ချိုးဝင်လာတယ်။

Unrepentant lover (Completed)Where stories live. Discover now