Uniကျော်သက်လွင်တစ်ယောက် ဟန်သာမေမေသူ့ယောက္ခမကြီးရဲ့ကျမ်းမာရေးအခြေအနေကို သူငယ်ချင်းဖြစ်သူနဲ့အပ်ထားတာမို့ အခုသူငယ်ချင်းတာဝန်ကျဆေးရုံကိုလိုက်လာပြီးအဖြေလာယူပေးရချင်းဖြစ်သည်။ သူထွက်လာခံနည်းမှ ဟန်သာကပါလိုက်ချင်တယ်ဆိုကာဂျစ်ကျနေတာမို့ ပြောမရတာနဲ့ခေါ်လာလိုက်ရတယ်။ ဒီရောက်တော့လဲသူ့အမေကိစ္စပြီးတာနဲ့ သူငယ်ချင်းနှစ်ယောက်စကားဆက်မပြောရပဲ ဗိုက်စာတယ်ဆိုပြီးအတင်းပြန်မယ်လုပ်နေတာနဲ့ကောင်းကောင်းတောင်မနှုတ်ဆက်ခဲ့ရဘူး။
"အကိုကလဲစကားပြောတာကြာလိုက်တာ ကျွန်တော်ကဗိုက်ဆာနေပြီ"
"ဒါကြောင့်အစထဲကမလိုက်ခဲ့ဖို့ ကိုယ်မပြောဘူးလား အခုမှလာဂျစ်တိုက်မနေနဲ့"
"အကိုတစ်ယောက်ထဲသွားမှာစိတ်မချလို့လေ ဘာလဲအကိုကကျွန်တော်ကိုဆူနေတာလား ဗြဲ "
"ကိုယ်ဆူတာမဟုက်ပါဘူး သူများဆေးရုံကြီးမှာအသဲဗြဲကြီးနဲ့တော့မငိုပါနဲ့ ဗိုက်ဆာနေပြီမှက်လားအမြန်သွားရအောင်"
"ပြီးယော ဟွန့်"
ကျော်သက်လွင်လဲအသံဗြဲငိုတော့မဲ့ဟန်သာအကြောင်းကိုသိတော့ အမြန်စကားလွှဲလိုက်ရတယ် နောက်မို့သူအရှက်ကွဲတော့မှာ ဟန်သာကတော့ကျေနပ်သွားတဲ့အမူအရာနဲ့ပေါ့။
"ဟင်....အကိုဟိုမှာမာန်မှက်လား"
နှစ်ယောက်သားစကားတပြောပြောနဲ့လျှောက်လာရင်း ဟန်သာညွှန်ပြတဲ့အရေးပေါ်ခန်းရှေ့ကိုကြည့်လိုက်တော့ တဂယ်ဟိန်းမာန်ထူးပဲ။ ဝတ်ထားတဲ့အိကျႌအဖြူတီရှပ်မှာလဲ သွေးတွေပေကာ ဆံပင်ဆုပ်ဖွားနဲ့ထိုင်နေသည်။ ကျော်သက်လွင်ကအတည်ပြုတုန်းရှိသေး ဟန်သာကထိုနေရာသို့ရောက်သွားတော့သည်။
"မာန်!...ဘာဖြစ်တာလဲ"
ဟန်သာလဲမာန်ဘေးဝင်ထိုင်ကာ ပုခုံးကိုကိုင်ပြီးမေးလိုက်တော့ မာန်ကခေါင်မော့လာပြီး ကျော်သက်လွင်နဲ့ဟန်သာကိုမြင်တော့ မျက်လုံးစိမ်းများနဲ့ကြည့်ကာ ဘားမှတော့မပြော။ မာန်ကဘားမှမပြောပင်မဲ့ ဒေါ်တင်မေထူးကဘေးကနေထပြောသည်။
YOU ARE READING
Unrepentant lover (Completed)
Actionအကို့အတွက်ကလဲ့စားချေဖို့ဆိုပြီး အတင်းရအောင်ယူလိုက်ပင်မဲ့ တဂယ္ခ်စ္မိသြားတဲ့အခါ....