Ep 23

4.2K 93 7
                                    


Uni

"တင်းတောင်......တင်းတောင်"

အိမ်ရှေ့bell သံကအဆက်မပျက်ထွက်လာတာမို့ ယံလက်ထဲကဖုန်းကိုအောက်ချလိုက်ပြီး မာမီကိုလှမ်းအော်လိုက်ပင်မဲ့ မာမီကထွက်မလာ မာမီကိုခေါ်မရတဲ့ဆုံးယံဘာသူပဲ ထွက်ကြည့်ဖို့ဆင်းလာသည်။

ယံလှုပ်တုတ်လှုပ်တုတ်နဲ့လျှောက်လာတော့ ခြံအပြင်မှာပစ္စည်းပို့တဲ့ကားတစ်စီးရပ်နေတာကိုတွေ့လိုက်ရပြီး တံခါးအရင်မဖွင့်သေးပဲလှမ်းမေးလိုက်၏

"ဘယ်ကိစ္စမြန်းရှိလို့ပါလဲ"

"ဒီအိမ္က ကိုကာယံမြင့်မိုရ်ဦးဆီကို ပန်းစီးပို့ခိုင်းလိုက်လို့ပါ"

"ဟင်ဘယ်သူပို့တာလဲမသိဘူး...."

ဂျောက်.....

"အွန်း.....အွန်း.....အွန်း"

ယံနာမည်အတိအကျနဲ့မို့ဘယ်သူပို့မှန်းမသိပင်မဲ့ လက်ခံဖို့လူထွက်ပေါက်တံခါးကိုဖွင့်ပြီးထွက်လိုက်တော့ ခြံရှေ့ကလူကပန်းစီးကိုပြစ်ချပြီး ယံပါးစပ်ကိုအဝတ်ဖြင့်အုပ်ကာ ချုပ်လိုက်သည်။ ပြီးတော့ ရပ်ထားတဲ့ကားပေါ်ကလူနှစ်ယောက်ထက်ဆင်းလာပြီး ယံကိုအတင်းသူတို့ကားပေါ်ဆွဲတင်သည်။ယံရုန်းပင်မဲ့ရုန်းလို့မရ ယံနှခေါင်းထဲပျင်းရှရှအနံ့တစ်ခုရလာကာ မျက်လုံးတွေဝေဝါးလာပြီးတော့ ယံနားထဲမာမီရဲ့သားဆိုတဲ့အသံသာနောက်ဆုံးကြားလိုက်ရပြီး အမှောင်ကျသွားတော့သည်။

ဒေါ်ရတီနွယ် သူမသားတွက်နေ့လည်စာချက်နေရင်း ဗိုက်နာလာတာမို့ မီးဖိုပိတ်လိုက်ပြီး အိမ်သာခနဝင်လိုက်ကာ ဝင်ဝင်ချင်းမှာ ခြံတံခါးbellအသံကအဆက်မပျက် ထွက်လာတာမို့ ဘာလုပ်ရမှန်းမသိ။

နောက်တော့ bellအသံကအဆက်မပျက်ထွက်ရာကနေ တိတ်သွားတာမို့ သူမလဲကိုယ်ကိစ္စကိုယ်အမြန်ရှင်းလိုက်ပြီး မီးဖိုထဲကထွက်လာတော့ သားလေးကဧည့်ခန်းထဲရှိမနေ။

"ဒီကေလး ခြံထဲဆင်းသွားပြန်ပြီထင်တယ် ချော်လဲမှဖြင့်ကွယ်"

ဒေါ်ရတီနွယ်သားကို ခြံထဲလိုက်ခေါ်မယ်ဆိုကာ အိမ်ထဲမှထွက်လာတော့ ခြံတံခါးကပွင့်နေကာ ခြံရှေ့က အနက်ရောင်လူတွေကြားထဲက အနွေးထည်အဝါလေးနဲ့သူမသားလေးကိုဖျက်ခနဲတွေ့လိုက်ရကာ ရင်ထဲပူထူသွားပြီး သူမပြေးထွက်လာတော့ ထိုလူတွေကသူမသားလေးကိုကားပေါ်တင်ခေါ်သွားတာကိုမြင်လိုက်ရသည်။

Unrepentant lover (Completed)Where stories live. Discover now